အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 4 Myanmar Standard Bible (MSB)

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့ ဖမ်း​ဆီး​ခံ​ရ​ခြင်း

1. ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် လူ​တို့​အား​ဟော​ပြော​လျက်​နေ​ကြ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့် ဇဒ္ဒု​ကဲ​တို့​သည် သူ​တို့​ထံ​သို့​ရောက်​လာ​ကြ​၏။

2. တ​မန်​တော်​တို့​သည် ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​သော​သူ​တို့​ထဲ​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို လူ​တို့​အား သွန်​သင်​ဟော​ပြော​နေ​ကြ​သော​ကြောင့် ထို​သူ​တို့​သည် စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​လျက်

3. တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ကာ မိုး​ချုပ်​ပြီ​ဖြစ်​သ​ဖြင့် နောက်​တစ်​နေ့​တိုင်​အောင် အ​ချုပ်​ထောင်​ထဲ​၌​ထည့်​ထား​ကြ​၏။

4. သို့​သော် နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​သူ​များ​စွာ​တို့​သည် ယုံ​ကြည်​ကြ​ရာ ယောက်ျား​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​မျှ​ဖြစ်​လာ​လေ​၏။

ပေ​တ​ရု​နှင့်​ယော​ဟန်​တို့ ခေါင်း​ဆောင်​များ​နှင့်​ရင်​ဆိုင်​ရ​ခြင်း

5. နောက်​တစ်​နေ့​၌ သူ​တို့​၏​အ​ကြီး​အ​ကဲ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​စု​ဝေး​ကြ​၏။

6. ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အ​လက်​ဇန္ဒြား​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး​ရှိ​သ​မျှ​တို့​လည်း​ပါ​ဝင်​ကြ​၏။

7. သူ​တို့​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို အား​လုံး​ရှေ့​၌​ရပ်​စေ​ပြီး​လျှင် “သင်​တို့​သည် မည်​သည့်​အာ​ဏာ၊ မည်​သည့်​နာ​မ​ဖြင့် ဤ​အ​မှု​ကို ပြု​ကြ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

8. ထို​အ​ခါ ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် “လူ​တို့​၏​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့၊

9. ယ​နေ့ အ​ကျွန်ုပ်​တို့​သည် အား​နည်း​သော​သူ​တစ်​ဦး​အ​ပေါ် ကောင်း​ကျိုး​ပြု​ခဲ့​သည့်​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ဤ​သူ​သည် မည်​ကဲ့​သို့​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သ​နည်း​ဟူ​သည့်​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လည်း​ကောင်း စစ်​ဆေး​ခြင်း​ခံ​ရ​သည်​ဆို​လျှင်

10. သင်​တို့​အား​လုံး​နှင့် အစ္စ​ရေး​လူ​မျိုး​အ​ပေါင်း​တို့​အား သိ​မှတ်​စေ​လို​သည်​မှာ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ သင်​တို့​တင်​ခဲ့​သော်​လည်း သေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အ​ကောင်း​ပ​က​တိ​ဖြစ်​လျက်​ရပ်​နေ​၏။

11. ထို​အ​ရှင်​သည် တိုက်​ဆောက်​သူ​များ​တည်း​ဟူ​သော​သင်​တို့​က ပယ်​ထား​သော်​လည်း ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​သော​ကျောက်​ဖြစ်​၏။

12. ကယ်​တင်​ခြင်း​သည် အ​ခြား​မည်​သူ​၌​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား ထို​နာ​မ​မှ​တစ်​ပါး ငါ​တို့​အား​ကယ်​တင်​မည့်​အ​ခြား​သော​နာ​မ​ကို ကောင်း​ကင်​အောက် လူ​တို့​၌​ပေး​အပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။

ယေ​ရှု​၏​နာ​မ​တော်​၌​မ​ဟော​ပြော​ရန်​တား​မြစ်​ခံ​ရ​ခြင်း

13. ထို​သူ​တို့​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​၏​ရဲ​ရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပ​ညာ​မ​တတ်​သော သာ​မန်​လူ​များ​ဖြစ်​ကြောင်း​သ​တိ​ထား​မိ​သ​ဖြင့် အံ့​သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်​မိ​ကြ​၏။

14. ထို့​ပြင် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်​အ​တူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သ​ဖြင့် မည်​သို့​မျှ​ငြင်း​ခုံ​ပြော​ဆို​၍​မ​ရ​နိုင်​ကြ​ချေ။

15. ထို​အ​ခါ သူ​တို့​သည် တ​မန်​တော်​တို့​ကို တ​ရား​လွှတ်​တော်​ရုံး​အ​ပြင်​သို့​ထွက်​ရန်​အ​မိန့်​ပေး​ပြီး​လျှင် အ​ချင်း​ချင်း​ဆွေး​နွေး​လျက်

16. “ဤ​သူ​တို့​ကို မည်​သို့​ပြု​ကြ​မည်​နည်း။ အ​ကြောင်း​မူ​ကား သူ​တို့​အား​ဖြင့် သိ​သာ​ထင်​ရှား​သော​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​ပျက်​ခဲ့​သည်​ကို ဂျေ​ရု​ဆ​လင်​မြို့​၌​နေ​ထိုင်​သူ​အား​လုံး​သိ​ရှိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​ငြင်း​ဆို​၍​မ​ရ​နိုင်။

17. သို့​သော် ဤ​အ​ကြောင်း​သည် လူ​တို့​ထံ ပို​၍​ပျံ့​နှံ့​မ​သွား​စေ​ရန် ဤ​နာ​မ​ကို​အ​မှီ​ပြု​လျက် နောက်​တစ်​ဖန် မည်​သူ့​ကို​မျှ​မ​ဟော​ပြော​ရ​မည့်​အ​ကြောင်း သူ​တို့​ကို​ခြိမ်း​ခြောက်​ကြ​စို့”​ဟု ဆို​ကြ​၏။

18. ထို့​နောက် တ​မန်​တော်​တို့​ကို​ခေါ်​၍ ယေ​ရှု​၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဟော​ပြော​ခြင်း​ကို​ဖြစ်​စေ၊ သွန်​သင်​ခြင်း​ကို​ဖြစ်​စေ လုံး​ဝ​မ​ပြု​ရန် အ​မိန့်​ပေး​ကြ​၏။

19. သို့​သော် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က “ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ထက် သင်​တို့​၏​စ​ကား​ကို ပို​၍​နား​ထောင်​ခြင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မှန်​မ​မှန် သင်​တို့​ဆုံး​ဖြတ်​ကြ​လော့။

20. အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​ကြား​ရ၊ မြင်​ရ​သော​အ​ရာ​တို့​ကို မ​ဟော​ပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်​ပြော​ကြ​၏။

21. လူ​အား​လုံး​တို့​သည် ဖြစ်​ပျက်​ခဲ့​သော​အ​မှု​အ​ရာ​အ​တွက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​နေ​ကြ​သည်​ဖြစ်​၍ ထို​လူ​တို့​ကြောင့် တ​မန်​တော်​တို့​အား အ​ပြစ်​ဒဏ်​ပေး​နိုင်​မည့်​နည်း​လမ်း​ကို ရှာ​မ​တွေ့​သ​ဖြင့် သူ​တို့​သည် တ​မန်​တော်​တို့​ကို ထပ်​မံ​ခြိမ်း​ခြောက်​ပြီး​လျှင် ပြန်​လွှတ်​လိုက်​ကြ​၏

22. ဤ​နိ​မိတ်​လက္ခ​ဏာ​အား​ဖြင့် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​၏။

ရဲ​ရင့်​မှု​အ​တွက်​ဆု​တောင်း​ခြင်း

23. တ​မန်​တော်​တို့​သည် လွတ်​လာ​ကြ​သော​အ​ခါ မိ​မိ​တို့​အ​ပေါင်း​အ​ဖော်​များ​ရှိ​ရာ​သို့ ပြန်​လာ​၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​က မိ​မိ​တို့​အား​ပြော​သ​မျှ​တို့​ကို ပြန်​ပြော​ပြ​ကြ​၏။

24. ထို​သူ​တို့​သည်​လည်း ကြား​ကြ​လျှင် တ​ညီ​တ​ညွတ်​တည်း​ဖြင့် ဘု​ရား​သ​ခင်​ထံ အ​သံ​ကို​လွှင့်​၍ “စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး​နှင့် ပင်​လယ်​သ​မုဒ္ဒ​ရာ​မှ​စ​၍ ၎င်း​တို့​၌​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။

25. ကိုယ်​တော်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သော ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​နှုတ်​မှ​တစ်​ဆင့် ‘တိုင်း​နိုင်​ငံ​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ကြ​သ​နည်း။ လူ​တို့​သည်​လည်း အ​ဘယ်​ကြောင့် အ​ချည်း​နှီး​သော​အ​ရာ​များ​ကို​ကြံ​စည်​ကြ​သ​နည်း။

26. ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ​၍ အုပ်​ချုပ်​သူ​တို့​သည် အ​တူ​တ​ကွ​စု​ဝေး​ကြ​ကာ ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​ခ​ရစ်​တော်​ကို ဆန့်​ကျင်​ကြ​၏’​ဟု မိန့်​တော်​မူ​ခဲ့​၏။

27. အ​မှန်​ပင် ဟေ​ရုဒ်​နှင့်​ပုန္တိ​ပိ​လတ်​တို့​သည် လူ​မျိုး​ခြား​မှ​စ​၍ အစ္စ​ရေး​လူ​မျိုး​တို့​နှင့်​ပေါင်း​ဖော်​ပြီး ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သည့် ကိုယ်​တော်​၏​သန့်​ရှင်း​သော​အ​မှု​ဆောင်​ယေ​ရှု​ကို ဆန့်​ကျင်​လျက် ဤ​မြို့​တွင်​စု​ဝေး​ကြ​ကာ

28. ကိုယ်​တော်​၏​လက်​တော်​နှင့်​အ​ကြံ​အ​စည်​တော်​တို့​အား​ဖြင့် ဖြစ်​ပျက်​လာ​ရန်​ကြို​တင်​သတ်​မှတ်​ထား​သ​မျှ​သော​အ​ရာ​တို့​ကို ပြု​ခဲ့​ကြ​ပါ​ပြီ။

29. ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု သူ​တို့​၏​ခြိမ်း​ခြောက်​မှု​များ​ကို သ​တိ​မူ​လျက် ကိုယ်​တော်​၏​အ​စေ​အ​ပါး​တို့​အား နှုတ်​က​ပတ်​တ​ရား​ကို​ရဲ​ရင့်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့်​ဟော​ပြော​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။

30. တစ်​ချိန်​တည်း​မှာ​ပင် အ​နာ​ရော​ဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်​တော်​၏​လက်​တော်​ကို​ဆန့်​တန်း​၍ ကိုယ်​တော်​၏​သန့်​ရှင်း​သော​အ​မှု​ဆောင်​ယေ​ရှု​၏​နာ​မ​တော်​ဖြင့် နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဩ​ဖွယ်​ရာ​များ​ကို​ပြု​ခွင့်​ပေး​တော်​မူ​ပါ”​ဟု ဆု​တောင်း​ကြ​၏။

31. ထို​သို့ သူ​တို့​ဆု​တောင်း​ပြီး​သော​အ​ခါ သူ​တို့​စု​ဝေး​နေ​ကြ​သော​နေ​ရာ​သည် တုန်​လှုပ်​၍ သူ​တို့​အား​လုံး​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။

မိ​မိ​တို့​ပိုင်​ဆိုင်​သော​ဥစ္စာ​များ​ကို ယုံ​ကြည်​သူ​များ​မျှ​ဝေ​သုံး​စွဲ​ခြင်း

32. ယုံ​ကြည်​သူ​တို့​၏​အ​စု​အ​ဝေး​သည် တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​၍ မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မျှ မိ​မိ​ဥစ္စာ​ပစ္စည်း​များ​ကို မိ​မိ​ပိုင်​ဆိုင်​သည်​ဟု​မ​ဆို​ဘဲ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို စု​ပေါင်း​ပိုင်​ဆိုင်​သော​အ​ရာ​အ​ဖြစ်​ထား​ကြ​၏။

33. တ​မန်​တော်​တို့​သည် သ​ခင်​ယေ​ရှု​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြီး​စွာ​သော​တန်​ခိုး​ဖြင့် သက်​သေ​ခံ​ကြ​၍ ကြီး​မား​သော​ကျေး​ဇူး​တော်​သည် သူ​တို့​အား​လုံး​အ​ပေါ်​သို့ သက်​ရောက်​လေ​၏။

34. သူ​တို့​ထဲ​တွင် ဆင်း​ရဲ​ချို့​တဲ့​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပေ။ အ​ကြောင်း​မူ​ကား မြေ​ကွက် သို့​မ​ဟုတ် အိမ်​ရာ​တို့​ကို ပိုင်​ဆိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ၎င်း​တို့​ကို​ရောင်း​ပြီး​လျှင် ရ​ရှိ​သော​ငွေ​များ​ကို ယူ​ဆောင်​လာ​ကာ

35. တ​မန်​တော်​တို့​၏​ခြေ​ရင်း​၌​ထား​၍ တစ်​ဦး​ချင်း​စီ​၌ လို​အပ်​မှု​ရှိ​သည့်​အ​တိုင်း အ​သီး​သီး​တို့​အား ခွဲ​ဝေ​ပေး​ကြ​၏။

36. နှစ်​သိမ့်​ခြင်း​၏​သား​ဟူ​သော​အ​ဓိပ္ပာယ်​ရှိ​သည့် ဗာ​န​ဗ​ဟု တ​မန်​တော်​တို့​ခေါ်​ကြ​သော ဆိုက်​ပ​ရပ်​ကျွန်း​သား လေ​ဝိ​အ​နွယ်​ဝင် ယော​သပ်​သည်

37. မိ​မိ​ပိုင်​ဆိုင်​သော​မြေ​ယာ​ကို​ရောင်း​ပြီး​လျှင် ငွေ​ကို​ယူ​ဆောင်​လာ​ကာ တ​မန်​တော်​တို့​၏​ခြေ​ရင်း​၌​ထား​လေ​၏။