အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 3 Myanmar Standard Bible (MSB)

ခြေ​မ​သန်​စွမ်း​သူ​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခြင်း

1. တစ်​ခါ​က ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​ချိန်​ဖြစ်​သည့် မွန်း​လွဲ​သုံး​နာ​ရီ​တွင် ဗိ​မာန်​တော်​သို့​တက်​သွား​ကြ​၏။

2. ထို​စဉ် လူ​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် ခြေ​မ​သန်​စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​သော​သူ​တို့​ထံ​မှ ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​ကို​တောင်း​ခံ​ရန်​အ​တွက် လူ​တို့​သည် သူ့​ကို တင့်​တယ်​ဟု​ခေါ်​သော ဗိ​မာန်​တော်​တံ​ခါး​အ​နီး​တွင် နေ့​တိုင်း​ချ​ထား​လေ့​ရှိ​ကြ​၏။

3. ထို​သူ​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​သော​အ​ခါ ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း​ခံ​လေ​၏။

4. ပေ​တ​ရု​သည် ယော​ဟန်​နှင့်​အ​တူ သူ့​ကို​စေ့​စေ့​ကြည့်​လျက် “ငါ​တို့​ကို​ကြည့်​ပါ”​ဟု ဆို​၏။

5. ထို​သူ​သည်​လည်း သူ​တို့​ထံ​မှ တစ်​စုံ​တစ်​ခု​ရ​မည်​ဟု​မျှော်​လင့်​၍ သူ​တို့​ကို အာ​ရုံ​စိုက်​လျက်​နေ​၏။

6. ထို​အ​ခါ ပေ​တ​ရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့​သော် ရှိ​သည့်​အ​ရာ​ကို သင့်​အား ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ထ​၍ လမ်း​လျှောက်​လော့”​ဟု ဆို​လျက်

7. ထို​သူ​၏​လက်​ယာ​လက်​ကို​ဆုပ်​ကိုင်​၍ ထူ​မ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေ​ကျင်း​ဝတ်​တို့​သည် ချက်​ချင်း​သန်​မာ​လာ​သ​ဖြင့်

8. သူ​သည် ထ​ခုန်​လျက်​မတ်​တတ်​ရပ်​ကာ လမ်း​လျှောက်​လေ​၏။ ထို့​နောက် လမ်း​လျှောက်​လျက်၊ ခုန်​ပေါက်​လျက်၊ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​လေ​၏။

9. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် လမ်း​လျှောက်​လျက် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​နေ​သော ထို​သူ​ကို​မြင်​၍

10. သူ​သည် ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​ကို​ခံ​ရန် ဗိ​မာန်​တော်​၏​တင့်​တယ်​တံ​ခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်​မိ​ကြ​သ​ဖြင့် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​တွက် အ​လွန်​အံ့​သြ​၍​မိန်း​မော​တွေ​ဝေ​ကြ​၏။

ရှော​လ​မုန်​မုခ်​ဆောင်​၌ ဟော​ပြော​ခြင်း

11. ထို​သူ​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို ဖက်​ထား​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည် အ​လွန်​အံ့​ဩ​၍ ရှော​လ​မုန်​မုခ်​ဆောင်​ဟု​ခေါ်​သည့်​နေ​ရာ​၌​ရှိ​သော သူ​တို့​ထံ​သို့ ပြေး​လာ​ကြ​၏။

12. ပေ​တ​ရု​သည် ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် “အစ္စ​ရေး​အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့် ဤ​အ​မှု​အ​ရာ​ကို အံ့​သြ​ကြ​သ​နည်း။ ထို့​ပြင် ငါ​တို့​သည် မိ​မိ​တို့​တန်​ခိုး၊ မိ​မိ​တို့​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​လမ်း​လျှောက်​နိုင်​ရန် လုပ်​ပေး​ဘိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ငါ​တို့​ကို စေ့​စေ့​ကြည့်​နေ​ကြ​သ​နည်း။

13. အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား၊ ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည် မိ​မိ​အ​မှု​ဆောင်​ယေ​ရှု​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။ သင်​တို့​သည် ထို​အ​ရှင်​ကို ဖမ်း​ဆီး​အပ်​နှံ​၍ သူ့​ကို​လွှတ်​ပေး​မည်​ဟု​ဆုံး​ဖြတ်​ထား​သော​ပိ​လတ်​မင်း​ရှေ့​၌ ငြင်း​ပယ်​ကြ​၏။

14. သင်​တို့​သည် သန့်​ရှင်း​၍​ဖြောင့်​မတ်​သော​အ​ရှင်​ကို​ငြင်း​ပယ်​ပြီး သင်​တို့​အ​တွက် လူ​သတ်​သ​မား​ကို​လွှတ်​ပေး​ရန် တောင်း​ဆို​ကြ​ကာ

15. အ​သက်​ပေး​ပိုင်​သော​အ​ရှင်​ကို​မူ သင်​တို့​ကွပ်​မျက်​ကြ​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​သည် ဤ​အ​မှု​အ​ရာ​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

16. ထို​အ​ရှင်​၏​နာ​မ​တော်​သည် ယ​ခု​သင်​တို့​မြင်​၍ သင်​တို့​သိ​သော​ဤ​သူ​အား ထို​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် သန်​စွမ်း​စေ​ပြီး ထို​အ​ရှင်​အား​ဖြင့် ရ​ရှိ​သော​ယုံ​ကြည်​ခြင်း​သည် သင်​တို့​အား​လုံး​ရှေ့​၌ သူ့​ကို ပ​က​တိ​စုံ​လင်​ခြင်း​ပေး​လေ​၏။

17. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သင်​တို့​၏​အ​ကြီး​အ​ကဲ​များ​နည်း​တူ မ​သိ​နား​မ​လည်​သော​ကြောင့် ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို ငါ​သိ​၏။

18. သို့​သော် ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ခ​ရစ်​တော်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​၏​နှုတ်​အား​ဖြင့် ကြို​တင်​ဖော်​ပြ​ထား​သော​အ​ရာ​တို့​ကို ထို​သို့​ပြည့်​စုံ​စေ​တော်​မူ​၏။

19. ထို့​ကြောင့် သင်​တို့​၏​အ​ပြစ်​များ ပယ်​ဖျက်​ခြင်း​ခံ​ရ​စေ​ရန် နောင်​တ​ရ​လျက် ပြောင်း​လဲ​ကြ​လော့။

20. ဤ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှစ်​သိမ့်​လန်း​ဆန်း​ရာ​အ​ချိန်​အ​ခါ​များ​ကျ​ရောက်​လာ​၍ သင်​တို့​အ​တွက် ကြို​တင်​ခန့်​ထား​တော်​မူ​သည့် ခ​ရစ်​တော်​တည်း​ဟူ​သော​ယေ​ရှု​ကို စေ​လွှတ်​တော်​မူ​ရန်​ဖြစ်​၏။

21. ရှေး​ကာ​လ​မှ​စ​၍ မိ​မိ​၏​သန့်​ရှင်း​သော​ပ​ရော​ဖက်​တို့​၏​နှုတ်​အား​ဖြင့် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ခဲ့​သည့်​အ​ရာ​တည်း​ဟူ​သော အ​လုံး​စုံ​တို့​ကို မူ​လ​အ​တိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာ​လ​များ​တိုင်​အောင် ကောင်း​ကင်​သည် ထို​အ​ရှင်​ကို​လက်​ခံ​ထား​ရ​မည်။

22. မော​ရှေ​က​လည်း ‘သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ထဲ​မှ ငါ​နှင့်​တူ​သော​ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား ထို​သူ​ပြော​သ​မျှ​တို့​ကို သင်​တို့​နား​ထောင်​ရ​ကြ​မည်။

23. ထို​ပ​ရော​ဖက်​၏​စ​ကား​ကို နား​မ​ထောင်​သော​သူ​ရှိ​သ​မျှ​သည် လူ​မျိုး​တော်​ထဲ​မှ ဖယ်​ရှား​ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်’​ဟု ဆို​ထား​၏။

24. ရှ​မွေ​လ​မှ​စ​၍ သူ့​နောက်​မှ အ​ဆက်​ဆက်​ပေါ်​ထွန်း​သော​ပ​ရော​ဖက်​ရှိ​သ​မျှ​တို့​သည်​လည်း ဤ​နေ့​ရက်​ကာ​လ​အ​ကြောင်း​ကို ဟော​ပြော​လျက်​ကြေ​ညာ​ကြ​၏။

25. သင်​တို့​သည် ပ​ရော​ဖက်​တို့​၏​သား​မြေး​များ​ဖြစ်​ကြ​သည်​သာ​မ​က ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အား ‘ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​စု​အ​ပေါင်း​တို့​သည် သင်​၏​အ​မျိုး​အ​နွယ်​အား​ဖြင့် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​လိမ့်​မည်’​ဟု မိန့်​တော်​မူ​လျက် သင်​တို့​၏​ဘိုး​ဘေး​များ​နှင့်​ပြု​ခဲ့​သော ပ​ဋိ​ညာဉ်​၏​သား​မြေး​များ​လည်း​ဖြစ်​ကြ​၏။

26. ဘု​ရား​သ​ခင်​သည် သင်​တို့​တစ်​ဦး​စီ​၏​ဆိုး​ညစ်​သော​အ​ကျင့်​ကို​ဖယ်​ရှား​၍ သင်​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ရန် မိ​မိ​၏​အ​မှု​ဆောင်​ကို ပေါ်​ထွန်း​စေ​လျက် သူ့​ကို သင်​တို့​ထံ​သို့​ဦး​စွာ​စေ​လွှတ်​တော်​မူ​၏”​ဟု လူ​တို့​အား​ဆို​လေ​၏။