အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 19 Myanmar Standard Bible (MSB)

ဧ​ဖက်​မြို့​၌​သာ​သ​နာ​ပြု​ခြင်း

1. အာ​ပေါ​လု​သည် ကော​ရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါ​လု​သည် ကုန်း​တွင်း​ပိုင်း​ဒေ​သ​များ​ကို​ဖြတ်​၍ ဧ​ဖက်​မြို့​သို့ ဆင်း​လာ​၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ချို့​တို့​ကို တွေ့​သ​ဖြင့်

2. “သင်​တို့​ယုံ​ကြည်​ကြ​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​သ​လော”​ဟု မေး​လေ​ရာ သူ​တို့​က “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ​ကြောင်း​ကို​ပင် အ​ကျွန်ုပ်​တို့​မ​ကြား​ဖူး​ပါ”​ဟု ဖြေ​ကြား​ကြ​၏။

3. ပေါ​လု​က​လည်း “သို့​ဖြစ်​လျှင် မည်​သည့်​ဗတ္တိ​ဇံ​ကို ခံ​ခဲ့​ကြ​သ​နည်း”​ဟု မေး​လျှင် သူ​တို့​က “ယော​ဟန်​၏​ဗတ္တိ​ဇံ​ကို ခံ​ခဲ့​ကြ​ပါ​သည်”​ဟု ဖြေ​ကြား​ကြ​၏။

4. ထို​အ​ခါ ပေါ​လု​က “ယော​ဟန်​သည် ‘မိ​မိ​နောက်​တွင်​ကြွ​လာ​မည့်​အ​ရှင်​ကို​ယုံ​ကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်​တ​နှင့်​ဆိုင်​သော​ဗတ္တိ​ဇံ​ကို​ပေး​၏။ ထို​သို့​ဆို​ရာ​၌​ယေ​ရှု​ကို​ဆို​လို​၏”​ဟု ဆို​လေ​၏။

5. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​၌ ဗတ္တိ​ဇံ​ခံ​ကြ​၏။

6. ပေါ​လု​သည် သူ​တို့​အ​ပေါ်​လက်​တင်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ​တို့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့် သူ​တို့​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​လျက် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​၏။

7. ထို​သူ​တို့​သည် အား​လုံး​ပေါင်း​တစ်​ဆယ့်​နှစ်​ယောက်​ခန့်​မျှ​ရှိ​ကြ​၏။

တု​ရန္နု​ခန်း​မ​၌​ဟော​ပြော​သွန်​သင်​ခြင်း

8. ထို့​နောက် ပေါ​လု​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့​ဝင်​၍ သုံး​လ​ပတ်​လုံး ရဲ​ရင့်​စွာ​ဟော​ပြော​လျက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဆွေး​နွေး​ပြော​ဆို​ကာ လူ​တို့​ကို​စည်း​ရုံး​လေ​၏။

9. သို့​သော် လူ​အ​ချို့​တို့​သည် ခေါင်း​မာ​လျက် မ​ယုံ​ကြည်​ဘဲ လူ​ထု​ပ​ရိ​သတ်​ရှေ့​တွင် တ​ရား​လမ်း​ကို ပုတ်​ခတ်​ပြော​ဆို​ကြ​သော​အ​ခါ ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံ​မှ ထွက်​ခွာ​ပြီး တု​ရန္နု​၏​စာ​သင်​ခန်း​မ​၌ နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပြော​ဆို​လေ​၏။

10. နှစ်​နှစ်​ပတ်​လုံး ထို​သို့​ပြု​သော​ကြောင့် ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ၊ အာ​ရှ​ပြည်​၌​နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​ကြ​ရ​၏။

ဧ​ဖက်​မြို့​၌​မှော်​အ​တတ်​ကို​ပယ်​ဖျက်​ခြင်း

11. ဘု​ရား​သ​ခင်​သည် ပေါ​လု​၏​လက်​ဖြင့် အ​လွန်​ထူး​ခြား​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို ပြု​တော်​မူ​၏။

12. သူ့​ကိုယ်​ပေါ်​မှ ပ​ဝါ သို့​မ​ဟုတ် ခါး​စည်း​အ​ဝတ်​ကို​ယူ​သွား​၍ နာ​မ​ကျန်း​ဖြစ်​သူ​များ​အ​ပေါ်​တင်​လျှင် သူ​တို့​၏​ရော​ဂါ​များ​ပျောက်​ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်​သွား​ကြ​၏။

13. ထို​အ​ခါ လှည့်​လည်​နေ​ကြ​သော ဂျူး​လူ​မျိုး​ပ​ယော​ဂ​ဆ​ရာ​အ​ချို့​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​အ​ပေါ် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို တိုင်​တည်​ခေါ်​ဆို​ရန် ကြံ​စည်​အား​ထုတ်​လျက် “ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​အား​ဖြင့် သင်​တို့​ကို အ​လေး​အ​နက်​ငါ​အ​မိန့်​ပေး​၏”​ဟု ဆို​ကြ​၏။

14. ထို​သို့​ပြု​သော​သူ​များ​မှာ ဂျူး​လူ​မျိုး​ယဇ်​ပု​ရော​ဟိတ်​မင်း သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​တို့​ဖြစ်​ကြ​၏။

15. သို့​ရာ​တွင် နတ်​ဆိုး​က “ယေ​ရှု​ကို ငါ​သိ​၏။ ပေါ​လု​ကို​လည်း ငါ​သိ​၏။ သင်​တို့​မူ​ကား မည်​သူ​ဖြစ်​ကြ​သ​နည်း”​ဟု သူ​တို့​အား ဆို​ပြီး​လျှင်

16. ထို​နတ်​ဆိုး​ပူး​သူ​သည် သူ​တို့​အ​ပေါ်​သို့​ခုန်​တက်​ကာ သူ​တို့​အား​လုံး​ကို​နှိမ်​နင်း​၍ အ​နိုင်​ယူ​သော​ကြောင့် သူ​တို့​သည် ထို​အိမ်​မှ အ​ဝတ်​မ​ပါ​ဘဲ ဒဏ်​ရာ​များ​နှင့်​ထွက်​ပြေး​ရ​ကြ​၏။

17. ဧ​ဖက်​မြို့​၌​နေ​ထိုင်​ကြ​သော ဂျူး​လူ​မျိုး​နှင့်​ဂ​ရိ​လူ​မျိုး​အ​ပေါင်း​တို့​သည် ထို​အ​ကြောင်း​ကို ကြား​သိ​သော​အ​ခါ သူ​တို့​အား​လုံး​ကြောက်​ရွံ့​လျက် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​၏။

18. ယုံ​ကြည်​သူ များ​စွာ​တို့​သည်​လည်း လာ​၍ မိ​မိ​တို့​ပြု​မိ​သော​အ​ရာ​များ​ကို ထုတ်​ဖော်​ဝန်​ခံ​ကြ​၏။

19. မှော်​အ​တတ်​ကို​သုံး​ခဲ့​သူ​များ​စွာ​တို့​သည်​လည်း ၎င်း​နှင့်​ပတ်​သက်​သော​စာ​အုပ်​များ​ကို စု​စည်း​ယူ​ဆောင်​လာ​၍ အား​လုံး​တို့​ရှေ့​၌ မီး​ရှို့​ကြ​၏။ ထို​စာ​အုပ်​များ​၏​တန်​ဖိုး​ကို တွက်​ချက်​ကြ​ရာ ငွေဒင်္ဂါး​ငါး​သောင်း​ဖိုး​ရှိ​ကြောင်း တွေ့​ရှိ​ကြ​၏။

20. ဤ​သို့​ဖြင့် သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ်​တ​ရား​သည် တန်​ခိုး​အ​ရှိန်​အ​ဝါ​ဖြင့်​ကြီး​ထွား​လျက် ဩ​ဇာ​လွှမ်း​လေ​၏။

ဧ​ဖက်​မြို့​မှ​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း

21. ဤ​အ​ဖြစ်​အ​ပျက်​များ​ပြီး​ဆုံး​ပြီး​နောက် ပေါ​လု​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​တို့​ကို ဖြတ်​သွား​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​ရန် ဝိ​ညာဉ်​တော်​အား​ဖြင့်​ဆုံး​ဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီး​လျှင် ရော​မ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။

22. ထို့​ကြောင့် သူ​သည် မိ​မိ​ကို​ကူ​ညီ​ဆောင်​ရွက်​ပေး​သူ​များ​ထဲ​မှ တိ​မော​သေ​နှင့်​ဧ​ရတ္တု​တို့​နှစ်​ဦး​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့​စေ​လွှတ်​၍ သူ​ကိုယ်​တိုင်​သည် အာ​ရှ​ပြည်​တွင် ခေတ္တ​နေ​ခဲ့​၏။

23. ထို​အ​ချိန်​အ​တွင်း တ​ရား​လမ်း​နှင့်​ပတ်​သက်​၍ အ​ကြီး​အ​ကျယ်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လေ​၏။

24. ဖြစ်​ရ​သည့်​အ​ကြောင်း​ကား ဒေ​မေ​တ​ရိ​အ​မည်​ရှိ​သော ငွေ​ပန်း​ထိမ်​ဆ​ရာ​တစ်​ဦး​သည် အာ​တေ​မိ​နတ်​ဘု​ရား​မ​၏​ငွေ​ဗိ​မာန်​ငယ်​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ပန်း​ထိမ်​သ​မား​တို့​အား အ​ကျိုး​စီး​ပွား​များ​စွာ ဖြစ်​ထွန်း​စေ​၏။

25. သူ​သည် ထို​သူ​တို့​အ​ပါ​အ​ဝင် အ​လား​တူ​လုပ်​ငန်း​မျိုး​လုပ်​ကိုင်​နေ​သော​သူ​များ​ကို စု​ဝေး​စေ​လျက် “မိတ်​ဆွေ​တို့၊ ဤ​လုပ်​ငန်း​အား​ဖြင့် ငါ​တို့​အ​ကျိုး​စီး​ပွား​ဖြစ်​ထွန်း​သည်​ကို သင်​တို့​သိ​ကြ​၏။

26. သို့​သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အ​တိုင်း ဤ​ပေါ​လု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အ​ရာ​များ​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​လျက် ဧ​ဖက်​မြို့​သာ​မ​က​အာ​ရှ​ပြည်​တစ်​ပြည်​လုံး​နီး​ပါး​၌ များ​စွာ​သော​လူ​တို့​ကို စည်း​ရုံး​ပြီး လမ်း​လွဲ​စေ​ခဲ့​၏။

27. ဤ​အ​မှု​အ​ရာ​သည် ငါ​တို့​၏​လုပ်​ငန်း​ကို နာ​မည်​ပျက်​စေ​မည်​ဟု စိုး​ရိမ်​ရ​သည်​သာ​မ​က ကြီး​မြတ်​သော​အာ​တေ​မိ​နတ်​ဘု​ရား​မ​၏​ဗိ​မာန်​သည် ပ​မာ​ဏ​ပြု​စ​ရာ​မ​ရှိ​တော့​ဘဲ အာ​ရှ​ပြည်​နှင့် ကမ္ဘာ​တစ်​ဝန်း​လုံး​ကိုး​ကွယ်​သည့် နတ်​ဘု​ရား​မ​၏​ခန့်​ညား​ထည်​ဝါ​မှု​သည်​လည်း ကွယ်​ပျောက်​သွား​တော့​မည်​ဟု စိုး​ရိမ်​ရ​၏”​ဟု ပြော​ဆို​လေ​၏။

28. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ပြင်း​စွာ​ဒေါ​သ​ထွက်​၍ “ဧ​ဖက်​မြို့​သား​တို့​၏​အာ​တေ​မိ​သည် ကြီး​မြတ်​ပေ​၏”​ဟု အော်​ဟစ်​ကြ​၏။

29. ထို​အ​ခါ တစ်​မြို့​လုံး ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါ​လု​နှင့်​အ​တူ​လိုက်​ပါ​သည့် မာ​ကေ​ဒေါ​နိ​ပြည်​သား ဂါ​ယု​နှင့်​အာ​ရိတ္တာ​ခု​တို့​ကို ဖမ်း​ဆီး​ပြီး ဇာတ်​ရုံ​ထဲ​သို့ တစ်​ဟုန်​ထိုး​ပြေး​ဝင်​သွား​ကြ​၏။

30. ပေါ​လု​သည် လူ​စု​လူ​ဝေး​ထဲ​သို့​ဝင်​လို​သော်​လည်း တ​ပည့်​တော်​တို့​သည် သူ့​ကို​တား​မြစ်​ကြ​၏။

31. ပေါ​လု​၏​မိတ်​ဆွေ​များ​ဖြစ်​ကြ​သော အာ​ရှ​ပြည်​အ​ကြီး​အ​ကဲ​အ​ချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်​ရုံ​ထဲ​သို့ အ​ရဲ​စွန့်​လျက်​မ​ဝင်​သွား​ရန် တောင်း​ပန်​ကြ​၏။

32. လူ​အ​စု​အ​ဝေး​သည် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​၍ တစ်​ယောက်​တစ်​မျိုး​စီ​အော်​ဟစ်​နေ​ကြ​၏။ လူ​အ​များ​စု​သည် မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး​လာ​ကြ​သည်​ကို​ပင် မ​သိ​ကြ​ချေ ။

33. ဂျူး​လူ​မျိုး​တို့​သည် အ​လက်​ဇန္ဒြား​ဆို​သူ​တစ်​ဦး​ကို ရှေ့​သို့​ထွက်​စေ​၍ လူ​အ​စု​အ​ဝေး​ထဲ​မှ​အ​ချို့​တို့​က​လည်း သူ့​ကို​ထောက်​ခံ​သ​ဖြင့် အ​လက်​ဇန္ဒြား​သည် လက်​ရိပ်​ပြ​ကာ လူ​စု​လူ​ဝေး​အား ချေ​ပ​ပြော​ဆို​ရန် ကြိုး​စား​လေ​၏။

34. သို့​သော် သူ​သည် ဂျူး​လူ​မျိုး​ဖြစ်​ကြောင်း လူ​တို့​သိ​ကြ​သော​အ​ခါ အား​လုံး​သည် တစ်​သံ​တည်း​ဖြင့် “ဧ​ဖက်​မြို့​သား​တို့​၏​အာ​တေ​မိ​သည် ကြီး​မြတ်​ပေ​၏”​ဟု နှစ်​နာ​ရီ​ခန့်​မျှ ကြွေး​ကြော်​ကြ​၏။

35. ထို့​နောက် မြို့​စာ​ရေး​သည် လူ​အ​စု​အ​ဝေး​ကို တိတ်​ဆိတ်​စေ​ပြီး​လျှင် “ဧ​ဖက်​မြို့​သား​တို့၊ ဧ​ဖက်​မြို့​သည် ကြီး​မြတ်​သော​အာ​တေ​မိ​နတ်​ဘု​ရား​မ​၏​ဗိ​မာန်​နှင့် ကောင်း​ကင်​မှ​ကျ​လာ​သော​ရုပ်​ပွား​တော်​တို့​ကို ထိန်း​သိမ်း​စောင့်​ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်​စုံ​တစ်​ဦး​ရှိ​သ​လော။

36. ဤ​အ​ချက်​သည် ငြင်း​ဆို​၍​မ​ရ​နိုင်​သည့်​အ​ချက်​ဖြစ်​သော​ကြောင့် သင်​တို့​သည် မည်​သည့်​အ​မှု​ကို​မျှ မ​ဆင်​မ​ခြင်​မ​ပြု​ဘဲ တိတ်​ဆိတ်​စွာ​နေ​သင့်​၏။

37. အ​ကြောင်း​မူ​ကား သင်​တို့​ခေါ်​ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိ​မာန်​တော်​ကို လု​ယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘု​ရား​မ​ကို စော်​ကား​ပြော​ဆို​သော​သူ​လည်း​မ​ဟုတ်။

38. ထို့​ကြောင့် ဒေ​မေ​တ​ရိ​မှ​စ​၍ သူ​နှင့်​အ​တူ​ရှိ​သော​ပန်း​ထိမ်​သ​မား​တို့​သည် တစ်​စုံ​တစ်​ဦး​ကို တ​ရား​စွဲ​ဆို​ရန်​ရှိ​လျှင် တ​ရား​ရုံး​များ​ဖွင့်​ထား​ပြီး အုပ်​ချုပ်​ရေး​မှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်​၍ အ​မှု​သည်​ချင်း တ​ရား​တွေ့​ကြ​ပါ​စေ။

39. သို့​သော် သင်​တို့​သည် အ​ခြား​ကိစ္စ​တစ်​စုံ​တစ်​ခု​အ​လို​ရှိ​လျှင် တ​ရား​ဝင်​အ​စည်း​အ​ဝေး​၌ ဆုံး​ဖြတ်​ရ​မည်။

40. ယ​နေ့​ဖြစ်​ခဲ့​သော​အ​မှု​နှင့်​ပတ်​သက်​၍ ခိုင်​လုံ​သော​အ​ကြောင်း​ပြ​ချက် တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​သော​ကြောင့် ငါ​တို့​သည် ဆူ​ပူ​အုံ​ကြွ​မှု​အ​တွက် စွဲ​ဆို​ခံ​ရ​မည်​ဟု​စိုး​ရိမ်​ရ​၏။ ငါ​တို့​သည် ဤ​ပူး​ပေါင်း​ကြံ​စည်​မှု​အ​တွက် ဖြေ​ရှင်း​ချက်​ပေး​နိုင်​မည်​မ​ဟုတ်”​ဟု ဆို​လျက်

41. လူ​အ​စု​အ​ဝေး​ကို ပြန်​လွှတ်​လိုက်​လေ​၏။