အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

ဓမ္မသစ်ကျမ်း

တ​မန်​တော်​ဝတ္ထု 17 Myanmar Standard Bible (MSB)

သက်​သာ​လော​နိတ်​မြို့​မှ အ​မှု​တော်​လုပ်​ငန်း

1. ထို့​နောက် ပေါ​လု​နှင့်​သိ​လ​တို့​သည် အံ​ဖိ​ပေါ​လိ​မြို့​နှင့်​အာ​ပေါ​လော​နိ​မြို့​တို့​ကို ဖြတ်​၍ သက်​သာ​လော​နိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ဂျူး​လူ​မျိုး​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​ရှိ​၏။

2. ပေါ​လု​သည် မိ​မိ​ပြု​လေ့​ရှိ​သည့်​အ​တိုင်း သူ​တို့​ထံ​သို့​ဝင်​၍ ဥ​ပုသ်​နေ့​သုံး​ကြိမ်​တိုင်​တိုင် ကျမ်း​စာ​ကို​အ​မှီ​ပြု​လျက် သူ​တို့​နှင့်​ဆွေး​နွေး​ပြော​ဆို​ကာ

3. ခ​ရစ်​တော်​သည် ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​၍ သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​ရ​မည်​ဖြစ်​ကြောင်း ရှင်း​လင်း​ဖော်​ပြ​ပြီး သင်​တို့​အား ငါ​ဟော​ပြော​သော​ဤ​ယေ​ရှု​ပင် ခ​ရစ်​တော်​ဖြစ်​သည်​ဟု​ဆို​လေ​၏။

4. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ယုံ​ကြည်​၍ ပေါ​လု​နှင့်​သိ​လ​တို့​နောက်​သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော ဂ​ရိ​အ​မျိုး​သား​အ​မြောက်​အ​မြား​ပါ​၍ ထင်​ပေါ်​ကျော်​ကြား​သော အ​မျိုး​သ​မီး​တို့​သည်​လည်း​မ​နည်း​လှ​ပေ။

ယာ​သုန်​၏​အိမ်​၌ ပြင်း​စွာ​ရန်​ပြု​ခံ​ရ​ခြင်း

5. သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​သည် မ​နာ​လို​ကြ​သော​ကြောင့် လူ​ဆိုး​အ​ချို့​ကို ဈေး​အ​ရပ်​မှ ခေါ်​ယူ​စု​ဝေး​စေ​ပြီး​လျှင် မြို့​ကို​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​စေ​ကာ ယာ​သုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို လူ​စု​လူ​ဝေး​ရှေ့​သို့ ထုတ်​ဆောင်​ရန် ရှာ​ဖွေ​ကြ​၏။

6. သို့​သော် သူ​တို့​ကို​မ​တွေ့​ကြ​သ​ဖြင့် ယာ​သုန်​နှင့် ညီ​အစ်​ကို​အ​ချို့​တို့​ကို အာ​ဏာ​ပိုင်​များ​ထံ​သို့ ဆွဲ​ခေါ်​သွား​ကာ “ကမ္ဘာ​လော​က​ကို​မွှေ​နှောက်​ရှုပ်​ထွေး​စေ​သော​သူ​တို့​သည် ဤ​အ​ရပ်​သို့​လည်း ရောက်​လာ​ကြ​၍

7. ယာ​သုန်​သည် သူ​တို့​ကို လက်​ခံ​ထား​ပါ​သည်။ သူ​တို့​အား​လုံး​သည် ယေ​ရှု​ဟူ​သော​အ​ခြား​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီ​ဇာ​ဧ​က​ရာဇ်​၏​အ​မိန့်​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်​ဟစ်​ပြော​ဆို​ကြ​၏။

8. ထို​အ​ရာ​များ​ကို​ကြား​ရ​သော လူ​ထု​ပ​ရိ​သတ်​နှင့်​အာ​ဏာ​ပိုင်​တို့​သည် စိတ်​ပူ​ပန်​လျက်

9. ယာ​သုန်​နှင့် အ​ခြား​ညီ​အစ်​ကို​တို့​ထံ​မှ အာ​မ​ခံ​ငွေ​ကို​ယူ​ပြီး​လျှင် သူ​တို့​ကို ပြန်​လွှတ်​ကြ​၏။

ကျမ်း​စာ​ကို​ဖတ်​ရှု​လေ့​လာ​ကြ​သော ဗိ​ရိ​မြို့​သား​များ

10. ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေ​ရိ​မြို့​သို့ စေ​လွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​၏​ဝတ်​ပြု​စည်း​ဝေး​ကျောင်း​သို့ သွား​ကြ​၏။

11. ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​၌​ရှိ​သော​သူ​တို့​ထက် စိတ်​ထား​မြင့်​မြတ်​ကြ​၏။ အ​ကြောင်း​မှာ သူ​တို့​သည် နှုတ်​က​ပတ်​တ​ရား​ကို စေ​တ​နာ​စိတ်​အ​ပြည့်​အ​ဝ​ဖြင့် လက်​ခံ​၍ ထို​အ​တိုင်း​ဟုတ်​မ​ဟုတ် ကျမ်း​စာ​ကို နေ့​စဉ်​လေ့​လာ​ကြ​၏။

12. ထို့​ကြောင့် များ​စွာ​သော​သူ​တို့​သည် ယုံ​ကြည်​ကြ​၏။ ထို​သူ​တို့​တွင် ဂုဏ်​သ​ရေ​ရှိ​သော​ဂ​ရိ​အ​မျိုး​သ​မီး​များ​နှင့်​အ​မျိုး​သား​များ​လည်း မ​နည်း​လှ​ပေ။

13. သို့​သော် ပေါ​လု​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ဗေ​ရိ​မြို့​တွင်​လည်း ဟော​ပြော​နေ​ကြောင်း သက်​သာ​လော​နိတ်​မြို့​မှ ဂျူး​လူ​မျိုး​တို့ ကြား​သိ​ကြ​သော​အ​ခါ ထို​အ​ရပ်​သို့​လိုက်​လာ​၍ လူ​ထု​ပ​ရိ​သတ်​များ​ကို​လှုံ့​ဆော်​ကာ မ​ငြိမ်​မ​သက်​ဖြစ်​စေ​ကြ​၏။

14. ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ချက်​ချင်း​ပို့​ဆောင်​လျက် ပင်​လယ်​ကမ်း​ခြေ​အ​ထိ​သွား​စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ထို​မြို့​၌​နေ​ရစ်​ကြ​၏။

15. ပေါ​လု​ကို​လိုက်​ပို့​သော​သူ​တို့​သည် သူ့​ကို အေ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အား မိ​မိ​ထံ​သို့ တတ်​နိုင်​သ​မျှ အ​မြန်​ဆုံး​လာ​ကြ​ပါ​ဟူ​သော ပေါ​လု​၏​ညွှန်​ကြား​ချက်​ကို​ယူ​၍ ပြန်​သွား​ကြ​၏။

အေ​သင်​မြို့​သို့​ပေါ​လု​ရောက်​ရှိ​ခြင်း

16. ပေါ​လု​သည် အေ​သင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်​တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိ​မိ​စိတ်​တွင် မ​ခံ​မ​ရပ်​နိုင်​ဖြစ်​ရ​လေ​၏။

17. ထို့​ကြောင့် သူ​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​တွင် ဂျူး​လူ​မျိုး​မှ​စ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက် ဈေး​အ​ရပ်​တွင်​လည်း ထို​အ​ရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပြော​ဆို​၏။

18. ဧ​ပိ​ကု​ရု​၏​တ​ပည့်​များ​နှင့် သ​တော​အိပ်​အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​ဆွေး​နွေး​ကြ​၏။ အ​ချို့​က “ဤ​စ​ကား​အိုး​သည် မည်​သည့်​အ​ရာ​ကို ပြော​ဆို​လို​သ​နည်း”​ဟု ဆို​ကြ​၏။ အ​ချို့​တို့​က​မူ “သူ​သည် တစ်​ပြည်​တစ်​ရပ်​ခြား​၏​နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ဟော​ပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤ​သို့​ဆို​ခြင်း​မှာ ပေါ​လု​သည် ယေ​ရှု​နှင့် ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​တို့​ကို ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။

19. ထို​အ​ခါ သူ​တို့​သည် ပေါ​လု​ကို အာ​ရေ​ပါ​ဂု​ရုံး​တော်​သို့ ခေါ်​သွား​ပြီး​လျှင် “သင်​ဟော​ပြော​နေ​သော ဤ​အ​ယူ​ဝါ​ဒ​အ​သစ်​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါ​ရ​စေ။

20. အ​ကြောင်း​မူ​ကား သင်​သည် ငါ​တို့​အ​တွက်​အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​အ​ချို့​တို့​ကို ယူ​ဆောင်​လာ​သည်​ဖြစ်​၍ ၎င်း​တို့​သည် မည်​သည့်​အ​ရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။

21. အေ​သင်​မြို့​သား​များ​မှ​စ​၍ အ​လည်​အ​ပတ်​ရောက်​ရှိ​လာ​သော သူ​စိမ်း​ဧည့်​သည်​အ​ပေါင်း​တို့​သည် အ​သစ်​အ​ဆန်း​ဖြစ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို ပြော​ဆို​ရန် သို့​မ​ဟုတ် ကြား​နာ​ရန်​အ​တွက်​သာ အ​ချိန်​ကို​အ​သုံး​ချ​တတ်​ကြ​၏။

အာ​ရေ​ပါ​ဂု​ရုံး​တော်​၌​ဟော​ပြော​ခြင်း

22. ထို့​ကြောင့် ပေါ​လု​သည် အာ​ရေ​ပါ​ဂု​ရုံး​တော်​အ​လယ်​၌​ရပ်​လျက် “အေ​သင်​မြို့​သား​တို့၊ သင်​တို့​သည် အ​ရာ​ရာ​၌ ဘာ​သာ​တ​ရား​အ​လွန်​ကိုင်း​ရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။

23. သင်​တို့​ကိုး​ကွယ်​သော​အ​ရာ​များ​ကို လှည့်​လည်​၍​ကြည့်​ရှု​စဉ် ‘မ​သိ​သော​ဘု​ရား​အ​တွက်’​ဟု ကမ္ပည်း​ထိုး​ထား​သည့် ယဇ်​ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့​ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​နေ​သော ထို​ဘု​ရား​အ​ကြောင်း​ကို သင်​တို့​အား ငါ​ဟော​ပြော​ပါ​မည်။

24. ကမ္ဘာ​လော​က​နှင့် ၎င်း​၌​ရှိ​သော​အ​ရာ​အား​လုံး​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​၏​အ​ရှင်​သ​ခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်​ဆောက်​သော​ဗိ​မာန်​များ​တွင် ကိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။

25. ကိုယ်​တော်​သည် အ​သက်​နှင့်​တ​ကွ ထွက်​သက်​ဝင်​သက်​နှင့် အ​ရာ​ခပ်​သိမ်း​တို့​ကို လူ​အ​ပေါင်း​တို့​အား ပေး​တော်​မူ​သည်​ဖြစ်​၍ တစ်​စုံ​တစ်​ခု​ကို​လို​အပ်​သည့်​အ​လား လူ့​လက်​ဖြင့်​ပြု​စု​ခြင်း​ကို ခံ​တော်​မူ​သည်​မ​ဟုတ်။

26. ကိုယ်​တော်​သည် လူ​တစ်​ဦး​တည်း​မှ လူ​မျိုး​အား​လုံး​ကို ဖန်​ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အ​နှံ့​တွင်​နေ​ထိုင်​စေ​ကာ အ​ချိန်​ကာ​လ​များ​နှင့် သူ​တို့​နေ​ထိုင်​ရာ​နယ်​နိ​မိတ်​များ​ကို ကြို​တင်​ချ​မှတ်​ပေး​တော်​မူ​၏။

27. ဤ​သို့​ပြု​ခြင်း​မှာ လူ​တို့​သည် ဘု​ရား​သ​ခင်​ကို လိုက်​စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာ​ဖွေ​ကြ​စေ​ရန် အ​တွက်​ဖြစ်​၏။ အ​မှန်​စင်​စစ် ကိုယ်​တော်​သည် ငါ​တို့​တစ်​စုံ​တစ်​ဦး​နှင့်​မျှ ဝေး​ကွာ​တော်​မူ​သည်​မ​ဟုတ်။

28. အ​ကြောင်း​မူ​ကား သင်​တို့​ထဲ​မှ က​ဗျာ​ဆ​ရာ​အ​ချို့​တို့​က “စင်​စစ်​ဆို​သော် ငါ​တို့​သည်​ကား ကိုယ်​တော့်​အ​မျိုး​အ​နွယ် ဖြစ်​ကြ​ကုန်​၏”​ဟု စပ်​ဆို​ထား​သည့်​အ​တိုင်း ငါ​တို့​သည် ကိုယ်​တော်​၌ အ​သက်​ရှင်​လျက်၊ လှုပ်​ရှား​လျက်၊ ဖြစ်​တည်​လျက် ရှိ​ကြ​၏။

29. ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​ကို လူ​၏​အ​တတ်​ပ​ညာ​နှင့်​စဉ်း​စား​ဆင်​ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်း​ထု​ပြု​လုပ်​ထား​သည့် ရုပ်​တု​နှင့်​တူ​သည်​ဟု​မ​ထင်​မှတ်​သင့်​ပေ။

30. ဘု​ရား​သ​ခင်​သည် လူ​တို့​မ​သိ​နား​မ​လည်​သည့်​အ​ချိန်​ကာ​လ​ကို အ​မှု​မ​ထား​ခဲ့​သော်​လည်း ယ​ခု​အ​ခါ နေ​ရာ​တိုင်း​ရှိ လူ​အ​ပေါင်း​တို့​အား နောင်​တ​ရ​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

31. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​အပ်​ထား​သော​အ​ရှင်​အား​ဖြင့် ကမ္ဘာ​လော​က​အား ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်​မည့်​နေ့​ရက်​ကို သတ်​မှတ်​ထား​တော်​မူ​ပြီး ထို​အ​ရှင်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​ခြင်း​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား ခိုင်​လုံ​သော​အ​ထောက်​အ​ထား​ကို​ပေး​တော်​မူ​၏”​ဟု ဆို​လေ​၏။

32. သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ကြ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ “ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ သင့်​ထံ​မှ နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။

33. ထို​အ​ခါ ပေါ​လု​သည် သူ​တို့​ထံ​မှ ထွက်​သွား​လေ​၏။

34. သို့​သော် လူ​အ​ချို့​တို့​သည် ပေါ​လု​နှင့်​ပေါင်း​ဖော်​၍ ယုံ​ကြည်​ကြ​၏။ သူ​တို့​ထဲ​တွင် အာ​ရေ​ပါ​ဂု​ရုံး​တော်​အ​ဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​သော ဒ​ယော​နု​သိ​နှင့် ဒ​မာ​ရိ​အ​မည်​ရှိ​အ​မျိုး​သ​မီး​တို့​အ​ပြင် သူ​တို့​နှင့်​အ​တူ​ရှိ​သော အ​ခြား​သူ​များ​ပါ​ကြ​၏။