အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 8 Myanmar Standard Bible (MSB)

ကောင်း​ကင်​ယဇ်​ပု​ရော​ဟိတ်​မင်း

1. ငါ​တို့​ပြော​ဆို​နေ​သော အ​ကြောင်း​အ​ရာ​များ​၏​အ​ဓိ​က​အ​ချက်​ဟူ​မူ​ကား ငါ​တို့​၌ ဤ​သို့​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​သည်​ဟူ​၍​ဖြစ်​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ​ရှိ ဘုန်း​တန်​ခိုး​ရှင်​၏​ပလ္လင်​တော်​လက်​ယာ​ဘက်​၌​ထိုင်​လျက်

2. လူ​က​မ​ဟုတ်​ဘဲ ထာ​ဝ​ရ​ဘု​ရား​က​တည်​ဆောက်​တော်​မူ​သော စစ်​မှန်​သည့်​တဲ​တော်​နှင့် သန့်​ရှင်း​ရာ​ဌာ​န​၏​အ​မှု​ကို​ထမ်း​ဆောင်​သူ​ဖြစ်​တော်​မူ​၏။

3. ယဇ်​ပု​ရော​ဟိတ်​မင်း​အား​လုံး​သည် ပူ​ဇော်​သက္ကာ​နှင့်​ယဇ်​တို့​ကို​ပူ​ဇော်​ရန် ခန့်​ထား​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ ဤ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လည်း ပူ​ဇော်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​ရန်​လို​အပ်​၏။

4. ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ခဲ့​လျှင် ပ​ညတ်​တ​ရား​အ​ရ ပူ​ဇော်​သက္ကာ​ကို​ပူ​ဇော်​သော​သူ​များ​ရှိ​နေ​ကြ​သည်​ဖြစ်​၍ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်​မ​ဟုတ်။

5. မော​ရှေ​သည် တဲ​တော်​ကို​ဆောက်​လုပ်​မည်​ပြု​စဉ်​က “အ​လုံး​စုံ​တို့​ကို တောင်​ပေါ်​တွင် သင့်​အား ငါ​ပြ​ခဲ့​သည့်​စံ​န​မူ​နာ​အ​တိုင်း​ပြု​လုပ်​ရန် သ​တိ​ပြု​လော့”​ဟူ​သော​ဗျာ​ဒိတ်​တော်​ကို​ရ​သည့်​နည်း​တူ ထို​သူ​တို့​သည် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော​အ​ရာ​များ​၏​န​မူ​နာ​ပုံ​ရိပ်​နှင့်​ဆိုင်​သော​ဝတ်​ကို ပြု​ကြ​၏။

6. သို့​သော် ယ​ခု​အ​ခါ ကိုယ်​တော်​သည် သာ​၍​မြတ်​သော​က​တိ​တော်​များ​အ​ပေါ်​အ​ခြေ​ခံ​ထား​သည့် သာ​၍​မြတ်​သော​ပ​ဋိ​ညာဉ်​၏​ကြား​ဝင်​စေ့​စပ်​သူ​ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သာ​၍​ထူး​မြတ်​သော​အ​မှု​တော်​ကို​ရ​ရှိ​တော်​မူ​၏။

ပ​ဋိ​ညာဉ်​သစ်

7. အ​ကြောင်း​မူ​ကား ပ​ထ​မ​ပ​ဋိ​ညာဉ်​၌ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ခဲ့​လျှင် ဒု​တိ​ယ​ပ​ဋိ​ညာဉ်​သည် လို​အပ်​စ​ရာ​အ​ကြောင်း​ရှိ​ခဲ့​မည်​မ​ဟုတ်။

8. သို့​သော် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို​အ​ပြစ်​တင်​၍ “ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား ကြည့်​ရှု​လော့။ အစ္စ​ရေး​အ​မျိုး​နှင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​နှင့်​လည်း​ကောင်း ပ​ဋိ​ညာဉ်​သစ်​ကို ငါ​ပြု​မည့်​နေ့​ရက်​များ​ကျ​ရောက်​တော့​မည်။

9. ထို​ပ​ဋိ​ညာဉ်​သည် သူ​တို့​ဘိုး​ဘေး​များ​၏​လက်​ကို​ဆွဲ​၍ အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​စဉ်​က သူ​တို့​နှင့် ငါ​ပြု​ခဲ့​သော​ပ​ဋိ​ညာဉ်​နှင့်​တူ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည် ငါ​၏​ပ​ဋိ​ညာဉ်​၌​မ​တည်​သော​ကြောင့် ငါ​သည်​လည်း သူ​တို့​ကို​လျစ်​လျူ​ရှု​ထား​၏”​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

10. ထာ​ဝ​ရ​ဘု​ရား​က “ထို​နေ့​ရက်​များ​နောက်​တွင် အစ္စ​ရေး​အ​မျိုး​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ကား ဤ​သို့​တည်း။ ငါ​သည် ငါ​၏​ပ​ညတ်​တ​ရား​တို့​ကို သူ​တို့​၏​အ​သိ​ဉာဏ်​ထဲ​တွင် ထည့်​သွင်း​၍ သူ​တို့​၏​စိတ်​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့​၏​ဘု​ရား​ဖြစ်​ပြီး သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့်​မည်။

11. သူ​တို့​အ​သီး​သီး​သည် မိ​မိ​အ​မျိုး​သား​ချင်း​နှင့် မိ​မိ​ညီ​အစ်​ကို​ချင်း​အား ‘ထာ​ဝ​ရ​ဘု​ရား​ကို​သိ​လော့’​ဟု သင်​ပေး​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား အ​ငယ်​ဆုံး​သော​သူ​မှ​စ​၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင် လူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကျွမ်း​ကြ​လိမ့်​မည်။

12. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည် သူ​တို့​၏​မ​တ​ရား​မှု​များ​အ​ပေါ်​က​ရု​ဏာ​ထား​၍ သူ​တို့​၏​အ​ပြစ်​များ​ကို လုံး​ဝ​သ​တိ​ရ​တော့​မည်​မ​ဟုတ်​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

13. ဘု​ရား​သ​ခင်​သည် “ပ​ဋိ​ညာဉ်​သစ်”​ဟု မိန့်​တော်​မူ​ခြင်း​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​ကို ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ကြာ​ညောင်း​၍ ဟောင်း​နွမ်း​သော​အ​ရာ​သည် မ​ကြာ​မီ​ပျောက်​ကွယ်​သွား​လိမ့်​မည်။