အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 6 Myanmar Standard Bible (MSB)

စုံ​လင်​ရင့်​ကျက်​ခြင်း​သို့​တက်​လှမ်း​ရန် တိုက်​တွန်း​ခြင်း

1. ထို့​ကြောင့် ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​ဆိုင်​သည့် အ​ခြေ​ခံ​သွန်​သင်​ချက်​ကို ထား​ရစ်​ခဲ့​၍ စုံ​လင်​ရင့်​ကျက်​ခြင်း​သို့ တက်​လှမ်း​ကြ​ကုန်​စို့။ သေ​ခြင်း​နှင့်​ဆိုင်​သော​အ​ကျင့်​များ​မှ နောင်​တ​ရ​ခြင်း၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ခြင်း၊

2. ဗတ္တိ​ဇံ​နှင့်​ဆိုင်​သော​သွန်​သင်​ခြင်း၊ လက်​တင်​ခြင်း၊ သေ​လွန်​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း၊ ထာ​ဝ​ရ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း စ​သည့်​အ​ကြောင်း​အ​ရာ​များ​၌ ထပ်​၍​အ​ခြေ​မ​ပြု​ဘဲ​နေ​ကြ​ကုန်​စို့။

3. ဘု​ရား​သ​ခင်​ခွင့်​ပြု​တော်​မူ​လျှင် ငါ​တို့​သည်​ထို​သို့​ပြု​ကြ​မည်။

4. အ​လင်း​သို့​တစ်​ခါ​ရောက်​၍ ကောင်း​ကင်​နှင့်​ဆိုင်​သော​ကောင်း​ချီး​လက်​ဆောင်​ကို မြည်း​စမ်း​ရ​လျက် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​စပ်​ဆိုင်​သူ​ဖြစ်​လာ​ကာ

5. ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​နှုတ်​က​ပတ်​တော်​နှင့် တ​မ​လွန်​ကာ​လ​၏​တန်​ခိုး​လက္ခ​ဏာ​တို့​ကို မြည်း​စမ်း​ရ​ပြီး​မှ

6. ရွေ့​လျော​ဖောက်​ပြန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ကို သူ​တို့​ကိုယ်​တိုင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​ပြန်​တင်​၍ အ​ရှက်​ကွဲ​စေ​သော​သူ​များ​ဖြစ်​ကြ​သော​ကြောင့် သူ​တို့​ကို အ​သစ်​တစ်​ဖန်​နောင်​တ​ရ​ခြင်း​သို့​မ​ရောက်​စေ​နိုင်​ရာ။

7. အ​ကြောင်း​မူ​ကား မြေ​ကြီး​သည် မိ​မိ​အ​ပေါ်​အ​ကြိမ်​ကြိမ်​ကျ​သော​မိုး​ရေ​ကို​သောက်​လျက် ထွန်​ယက်​စိုက်​ပျိုး​သော​သူ​တို့​အ​တွက် အ​သုံး​ဝင်​သည့်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း​စေ​ပါ​က ဘု​ရား​သ​ခင်​ထံ​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ရ​၏။

8. သို့​ရာ​တွင် ဆူး​ပင်​နှင့်​ဆူး​လေ​ပင်​များ​ကို​ပေါက်​စေ​လျှင် အ​သုံး​မ​ဝင်​သ​ဖြင့် မ​ကြာ​မီ ကျိန်​ခြင်း​ခံ​ရ​လျက် နောက်​ဆုံး​၌ မီး​ရှို့​ခြင်း​ခံ​ရ​၏။

9. ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် ဤ​သို့​ပြော​ဆို​ကြ​သော်​လည်း သင်​တို့​အ​တွက်​မူ​ကား ကယ်​တင်​ခြင်း​နှင့်​ယှဉ်​တွဲ​သည့် ပို​၍​ကောင်း​သော​အ​ရာ​များ​ရှိ​သည်​ဟု ငါ​တို့​ယုံ​ကြည်​စိတ်​ချ​ကြ​၏။

10. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သင်​တို့​၏​လုပ်​ဆောင်​မှု​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​ကို ယ​ခင်​က သင်​တို့​လုပ်​ကျွေး​ပြု​စု​သ​ကဲ့​သို့ ယ​ခု​လည်း လုပ်​ကျွေး​ပြု​စု​လျက် ကိုယ်​တော်​၏​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​ပြ​သော​ချစ်​ခြင်း​မေတ္တာ​တို့​ကို​လည်း​ကောင်း မေ့​လျော့​သည့်​တိုင်​အောင် တ​ရား​မျှ​တ​မှု​ကင်း​မဲ့​တော်​မူ​သည်​မ​ဟုတ်။

11. သင်​တို့​တစ်​ဦး​စီ​သည် မျှော်​လင့်​ခြင်း​နှင့်​ဆိုင်​သော​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​ရှိ​ကြ​ရန် ထို​သို့​သော​စိတ်​အား​ထက်​သန်​မှု​ကို အ​ဆုံး​တိုင်​အောင်​ပြ​မည့်​အ​ကြောင်း ငါ​တို့​အ​လို​ရှိ​ကြ​၏။

12. ဤ​သည်​ကား သင်​တို့​သည် ပျင်း​ရိ​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​နှင့်​စိတ်​ရှည်​ခြင်း​တို့​အား​ဖြင့် က​တိ​တော်​ကို​အ​မွေ​ဆက်​ခံ​သော​သူ​တို့​အား အ​တု​ယူ​သူ​များ​ဖြစ်​ကြ​မည့်​အ​ကြောင်း​တည်း။

က​တိ​တော်​ကို​ခံ​စား​ရ​ရှိ​ခြင်း

13. ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အား က​တိ​ပေး​တော်​မူ​သော​အ​ခါ တိုင်​တည်​ပြော​ဆို​ရန် မိ​မိ​ထက် ကြီး​မြတ်​သော​သူ​မ​ရှိ​သော​ကြောင့် မိ​မိ​ကိုယ်​ကို​တိုင်​တည်​ပြော​ဆို​၍

14. “ငါ​သည် အ​မှန်​ပင် သင့်​ကို အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​၍ သင်​၏​အ​မျိုး​အ​နွယ်​ကို တိုး​ပွား​များ​ပြား​စေ​မည်”​ဟု မိန့်​တော်​မူ​၏။

15. ဤ​သို့​ဖြင့် အာ​ဗြ​ဟံ​သည် စိတ်​ရှည်​စွာ​စောင့်​ဆိုင်း​သ​ဖြင့် က​တိ​တော်​ကို​ခံ​စား​ရ​ရှိ​ခဲ့​၏။

16. လူ​တို့​သည် မိ​မိ​တို့​ထက် ကြီး​မြတ်​သော​သူ​ကို တိုင်​တည်​ပြော​ဆို​ကြ​ပြီး ထို​သို့​အ​တည်​ပြု​ပြော​ဆို​သော​က​တိ​သစ္စာ​သည် အ​ငြင်း​ပွား​မှု​အား​လုံး​ကို ရပ်​စဲ​စေ​တတ်​၏။

17. ထို​နည်း​တူ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​ကြံ​အ​စည်​တော်​မ​ပြောင်း​လဲ​နိုင်​ကြောင်း က​တိ​တော်​ကို​အ​မွေ​ဆက်​ခံ​သူ​များ​အား ပို​မို​ထင်​ရှား​စွာ​ပြ​လို​၍ က​တိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာ​မ​ခံ​တော်​မူ​၏။

18. ဤ​သည်​ကား ရှေ့​၌​ပြင်​ဆင်​ထား​သော​မျှော်​လင့်​ခြင်း​ကို ဆွတ်​ခူး​နိုင်​ရန်​အ​တွက် ထွက်​ပြေး​လာ​သော​ငါ​တို့​သည် ဘု​ရား​သ​ခင်​မု​သား​မ​သုံး​နိုင်​သော​အ​ရာ​တည်း​ဟူ​သော မ​ပြောင်း​လဲ​နိုင်​သည့်​အ​ရာ​နှစ်​ပါး​အား​ဖြင့် ကြီး​မား​သော​နှစ်​သိမ့်​မှု​ကို​ခံ​စား​ရ​ကြ​မည့်​အ​ကြောင်း​တည်း။

19. ထို​မျှော်​လင့်​ခြင်း​သည် ငါ​တို့​၏​စိတ်​ဝိ​ညာဉ်​အ​တွက် ခိုင်​ခံ့​မြဲ​မြံ​သော​ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့​၌​ရှိ​၍ ဗိ​မာန်​တော်​ကန့်​လန့်​ကာ​အ​တွင်း​ဘက်​သို့​ဝင်​ရောက်​၏။

20. ယေ​ရှု​သည် မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​လာ​ပြီး ထို​ကန့်​လန့်​ကာ​အ​တွင်း​သို့ ရှေ့​ဆောင်​လမ်း​ခင်း​ပေး​သူ​အ​ဖြစ် ငါ​တို့​ကိုယ်​စား​ဝင်​တော်​မူ​၏။