အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 3 Myanmar Standard Bible (MSB)

အ​ကျွန်ုပ်​တို့​၏​တ​မန်​တော်​နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း

1. သို့​ဖြစ်​၍ ကောင်း​ကင်​နှင့်​ဆိုင်​သော ခေါ်​ယူ​တော်​မူ​ခြင်း​၌​ပါ​ဝင်​သည့် သန့်​ရှင်း​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​ယုံ​ကြည်​ဝန်​ခံ​သည့် တ​မန်​တော်​နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု​အ​ကြောင်း​ကို ဆင်​ခြင်​အောက်​မေ့​ကြ​လော့။

2. မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​အိမ်​တော်​တစ်​ခု​လုံး​အ​ပေါ်​သစ္စာ​ရှိ​သ​ကဲ့​သို့ ယေ​ရှု​သည်​လည်း မိ​မိ​ကို​ခန့်​ထား​သော​ဘု​ရား​သ​ခင်​အ​ပေါ်​သစ္စာ​ရှိ​တော်​မူ​၏။

3. အိမ်​ဆောက်​သူ​သည် ထို​အိမ်​ထက် သာ​၍​ဂုဏ်​သ​ရေ​ရှိ​သ​ကဲ့​သို့ ယေ​ရှု​သည် မော​ရှေ​ထက် သာ​၍​မြင့်​မြတ်​သော​ဘုန်း​အ​သ​ရေ​ကို​ရ​ထိုက်​သည်​ဟု မှတ်​ယူ​ခြင်း​ခံ​ရ​၏။

4. အ​ကြောင်း​မူ​ကား အိမ်​တိုင်း​ကို တစ်​စုံ​တစ်​ယောက်​က တည်​ဆောက်​ရ​၏။ သို့​သော် အ​ရာ​ခပ်​သိမ်း​ကို​တည်​ဆောက်​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

5. မော​ရှေ​သည် နောင်​အ​ခါ​ဟော​ပြော​မည့်​အ​ရာ​တို့​အ​တွက် သက်​သေ​ဖြစ်​ရန် အ​စေ​ခံ​အ​ဖြစ် ဘု​ရား​သ​ခင်​၏​အိမ်​တော်​တစ်​ခု​လုံး​အ​ပေါ်​သစ္စာ​ရှိ​၏။

6. ခ​ရစ်​တော်​မူ​ကား သား​တော်​အ​ဖြစ် ဘု​ရား​သ​ခင်​၏​အိမ်​တော်​အ​ပေါ်​သစ္စာ​ရှိ​တော်​မူ​၏။ ငါ​တို့​သည် ယုံ​ကြည်​စိတ်​ချ​ခြင်း​နှင့် မျှော်​လင့်​ခြင်း​၌​ဂုဏ်​ယူ​ဝါ​ကြွား​ခြင်း​တို့​ကို စွဲ​ကိုင်​ထား​လျှင် ဘု​ရား​သ​ခင်​၏​အိမ်​တော်​ဖြစ်​ကြ​၏။

မ​ယုံ​ကြည်​မှု​အ​တွက် သ​တိ​ပေး​ခြင်း

7. ထို့​ကြောင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က “ယ​နေ့ သင်​တို့​သည် ကိုယ်​တော်​၏​အ​သံ​ကို​ကြား​လျှင်

8. တော​ကန္တာ​ရ​တွင် စမ်း​သပ်​စစ်​ဆေး​ရာ​ကာ​လ​၌ ဆန့်​ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့​သို့ သင်​တို့​စိတ်​နှ​လုံး​ကို မ​မာ​ကျော​စေ​ကြ​နှင့်။

9. ထို​အ​ရပ်​တွင် သင်​တို့​ဘိုး​ဘေး​များ​သည် ငါ့​ကို​စမ်း​သပ်​လျက် စစ်​ဆေး​ကြ​ကာ အ​နှစ်​လေး​ဆယ်​အ​တွင်း ငါ​ပြု​သော​အ​မှု​များ​ကို တွေ့​မြင်​ခဲ့​ကြ​၏။

10. သို့​ဖြစ်​၍ ထို​မျိုး​ဆက်​ကို ငါ​အ​မျက်​ထွက်​ပြီး ‘သူ​တို့​သည် စိတ်​နှ​လုံး​ထဲ​၌ အ​စဉ်​လမ်း​လွဲ​၍ ငါ​၏​လမ်း​ကို မ​သိ​ကြ’​ဟု ငါ​ဆို​၏။

11. ထို့​ကြောင့် အ​မျက်​တော်​အား​ဖြင့် ငါ​တိုင်​တည်​ပြော​ဆို​သ​ကဲ့​သို့ သူ​တို့​သည် ငါ​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း

12. ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် မ​ယုံ​ကြည်​တတ်​သော​ဆိုး​ညစ်​သည့်​စိတ်​နှ​လုံး​ရှိ​သ​ဖြင့် အ​သက်​ရှင်​သော​ဘု​ရား​သ​ခင်​ထံ​တော်​မှ ထွက်​ခွာ​သွား​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။

13. သင်​တို့​တွင် အ​ပြစ်​တ​ရား​၏​လှည့်​ဖြား​မှု​ကြောင့် မည်​သူ​မျှ စိတ်​နှ​လုံး​မာ​ကျော​ခြင်း​မ​ရှိ​စေ​ရန် ယ​နေ့​ဟု​ခေါ်​ရ​သော​အ​ချိန်​ရှိ​နေ​သ​ရွေ့ နေ့​စဉ်​နေ့​တိုင်း အ​ချင်း​ချင်း​တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။

14. အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​စ​၌​ရှိ​သော​စိတ်​ချ​မှု​ကို အ​ဆုံး​တိုင်​အောင် ခိုင်​မြဲ​စွာ​စွဲ​ကိုင်​ထား​လျှင် ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။

15. ကျမ်း​စာ​၌ “ယ​နေ့ သင်​တို့​သည် ကိုယ်​တော်​၏​အ​သံ​ကို​ကြား​လျှင် ဆန့်​ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့​သို့ သင်​တို့​စိတ်​နှ​လုံး​ကို မ​မာ​ကျော​စေ​ကြ​နှင့်”​ဟု ဆို​ထား​၏။

16. ထို​သို့​ကြား​ရ​လျက်​နှင့် ဆန့်​ကျင်​ခဲ့​သူ​များ​ကား မည်​သူ​တို့​နည်း။ မော​ရှေ​၏​ဦး​ဆောင်​မှု​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​အ​ပေါင်း​တို့​ပင်​မ​ဟုတ်​လော။

17. တစ်​ဖန် အ​နှစ်​လေး​ဆယ်​အ​တွင်း မည်​သူ​တို့​အ​ပေါ် အ​မျက်​ထွက်​တော်​မူ​ခဲ့​သ​နည်း။ အ​ပြစ်​ပြု​၍ တော​ကန္တာ​ရ​၌ ခန္ဓာ​ကြွေ​ရ​သူ​များ​အ​ပေါ်​မ​ဟုတ်​လော။

18. ထို့​ပြင် “ကိုယ်​တော်​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မည်​သူ​တို့​အား တိုင်​တည်​၍​မိန့်​တော်​မူ​ခဲ့​သ​နည်း။ နာ​ခံ​ခြင်း​မ​ရှိ​သော​သူ​များ​ကို​ပင်​မ​ဟုတ်​လော။

19. သို့​ဖြစ်​၍ သူ​တို့​သည် မ​ယုံ​ကြည်​မှု​ကြောင့် မ​ဝင်​နိုင်​သည်​ကို ငါ​တို့​သိ​မြင်​ကြ​ရ​၏။