အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 4 Myanmar Standard Bible (MSB)

ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့​ဝင်​ရ​မည့်​က​တိ​တော်

1. ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည့်​က​တိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲ​မှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​စေ​ရန် သ​တိ​ထား​ကြ​ကုန်​စို့။

2. အ​ကြောင်း​မူ​ကား ငါ​တို့​သည်​လည်း ကောင်း​မြတ်​သော​သ​တင်း​ကို ထို​သူ​တို့​နည်း​တူ ကြား​ရ​ကြ​ပြီ။ သို့​သော် သူ​တို့​ကြား​ရ​သော​နှုတ်​က​ပတ်​တော်​သည် သူ​တို့​၌ ယုံ​ကြည်​ခြင်း​နှင့်​မ​ပေါင်း​စပ်​သော​ကြောင့် သူ​တို့​အ​တွက် အ​ကျိုး​မ​ရှိ​ခဲ့​ချေ။

3. ယုံ​ကြည်​သော​ငါ​တို့​မူ​ကား ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​၏။ ဤ​သည်​ကား “အ​မျက်​တော်​အား​ဖြင့် ငါ​တိုင်​တည်​ပြော​ဆို​သ​ကဲ့​သို့ သူ​တို့​သည် ငါ​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။ သို့​ရာ​တွင် အ​မှု​တော်​များ​သည် ကမ္ဘာ​တည်​က​တည်း​က ပြီး​မြောက်​ပြီ​ဖြစ်​၏။

4. အ​ကြောင်း​မူ​ကား သတ္တ​မ​နေ့​နှင့်​ပတ်​သက်​၍ “သတ္တ​မ​နေ့​တွင် ဘု​ရား​သ​ခင်​သည် မိ​မိ​လုပ်​ဆောင်​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို​ရပ်​လျက် ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏”​ဟု ကျမ်း​တစ်​နေ​ရာ​၌​ဆို​ထား​၏။

5. တစ်​ဖန် “သူ​တို့​သည် ငါ​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု ထို​နေ​ရာ​၌​ဆို​ထား​၏။

6. သို့​ဖြစ်​၍ ထို​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​သည် အ​ချို့​သော​သူ​တို့​အ​တွက်​ရှိ​သေး​၏။ ကောင်း​မြတ်​သော​သ​တင်း​ကို ရှေး​ဦး​စွာ​ကြား​ရ​သော​သူ​တို့​သည် မ​နာ​ခံ​မှု​ကြောင့် မ​ဝင်​ခဲ့​ရ​ကြ​ချေ။

7. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် နေ့​တစ်​နေ့​ကို “ယ​နေ့”​ဟူ​၍ တစ်​ဖန် ချ​မှတ်​တော်​မူ​ပြီး နောင်​နှစ်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ အ​ထက်​က​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း “ယ​နေ့ သင်​တို့​သည် ကိုယ်​တော်​၏​အ​သံ​ကို​ကြား​လျှင် သင်​တို့​စိတ်​နှ​လုံး​ကို မ​မာ​ကျော​စေ​ကြ​နှင့်”​ဟု ဒါ​ဝိဒ်​အား​ဖြင့် မိန့်​တော်​မူ​၏။

8. အ​ကယ်​၍ ယော​ရှု​သည် သူ​တို့​အား ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း​ကို​ပေး​ခဲ့​သည်​မှန်​လျှင် နောက်​မှ အ​ခြား​နေ့​ရက်​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​မြွက်​ဆို​တော်​မူ​မည်​မ​ဟုတ်။

9. သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အ​တွက် ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း​တစ်​မျိုး​ရှိ​သေး​၏။

10. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မိ​မိ​လုပ်​ဆောင်​သော​အ​မှု​များ​ကို​ရပ်​လျက် ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​သ​ကဲ့​သို့ ကိုယ်​တော်​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​သူ​သည်​လည်း မိ​မိ​လုပ်​ဆောင်​သော​အ​မှု​များ​ကို​ရပ်​လျက် ငြိမ်​ဝပ်​စွာ​နေ​ရ​၏။

11. ထို့​ကြောင့် သူ​တို့​၏​မ​နာ​ခံ​မှု​ပုံ​စံ​ကို​လိုက်​၍ ပြို​လဲ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​ဘဲ ထို​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​နိုင်​မည့်​အ​ကြောင်း ငါ​တို့​ကြိုး​စား​အား​ထုတ်​ကြ​ကုန်​စို့။

12. ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် အ​သက်​ရှင်​၍ ထက်​မြက်​ကာ အ​သွား​နှစ်​ဖက်​ပါ​သည့် ဓား​ရှိ​သ​မျှ​တို့​ထက် သာ​၍​ထက်​သ​ဖြင့် အ​သက်​နှင့်​ဝိ​ညာဉ်​တို့​အ​ထိ​လည်း​ကောင်း၊ အ​ဆစ်​အ​မြစ်​နှင့်​ခြင်​ဆီ​တို့​အ​ထိ​လည်း​ကောင်း ထိုး​ဖောက်​ပိုင်း​ခြား​တတ်​၏။ စိတ်​နှ​လုံး​၏​စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​သ​ဘော​ထား​တို့​ကို​လည်း ထိုး​ထွင်း​သိ​မြင်​နိုင်​၏။

13. ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​တွင် ကိုယ်​တော်​၏​ရှေ့​မှောက်​၌ မ​ထင်​ရှား​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ အ​ရာ​ခပ်​သိမ်း​တို့​သည် ကိုယ်​တော်​၏​မျက်​မှောက်​၌ အ​ကွယ်​အ​ကာ​မဲ့​လျက် ဟင်း​လင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အ​ရှင်​ထံ​၌ ဖြေ​ရှင်း​ချက်​ပေး​ရ​ကြ​မည်။

အ​ကျွန်ုပ်​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း

14. ထို့​ကြောင့် ကောင်း​ကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်​မူ​သည့် ကြီး​မြတ်​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​သည် ငါ​တို့​၌​ရှိ​တော်​မူ​သည်​ဖြစ်​၍ ငါ​တို့​ယုံ​ကြည်​ဝန်​ခံ​သော​အ​ရာ​ကို စွဲ​ကိုင်​ထား​ကြ​ကုန်​စို့။

15. အ​ကြောင်း​မူ​ကား ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​၏​အား​နည်း​ခြင်း​များ​ကို မ​ထောက်​ထား​မ​ညှာ​တာ​နိုင်​သူ​မ​ဟုတ်။ ကိုယ်​တော်​သည် ငါ​တို့​နည်း​တူ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး​ကို​ခံ​ခဲ့​ဖူး​သူ​ဖြစ်​တော်​မူ​၏။ သို့​သော် အ​ပြစ်​နှင့်​ကင်း​လွတ်​တော်​မူ​၏။

16. ထို့​ကြောင့် ငါ​တို့​သည် က​ရု​ဏာ​တော်​နှင့်​ကျေး​ဇူး​တော်​တို့​ကို​ခံ​စား​ရ​လျက် သင့်​လျော်​သော​အ​ချိန်​၌ ကူ​ညီ​မ​စ​မှု​ကို​ရ​ရှိ​မည့်​အ​ကြောင်း ယုံ​ကြည်​စိတ်​ချ​စွာ​ဖြင့် ကျေး​ဇူး​တော်​ပလ္လင်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​စို့။