ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 8:3-5 Myanmar Standard Bible (MSB)

3. ယဇ်​ပု​ရော​ဟိတ်​မင်း​အား​လုံး​သည် ပူ​ဇော်​သက္ကာ​နှင့်​ယဇ်​တို့​ကို​ပူ​ဇော်​ရန် ခန့်​ထား​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ ဤ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လည်း ပူ​ဇော်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​ရန်​လို​အပ်​၏။

4. ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ခဲ့​လျှင် ပ​ညတ်​တ​ရား​အ​ရ ပူ​ဇော်​သက္ကာ​ကို​ပူ​ဇော်​သော​သူ​များ​ရှိ​နေ​ကြ​သည်​ဖြစ်​၍ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်​မ​ဟုတ်။

5. မော​ရှေ​သည် တဲ​တော်​ကို​ဆောက်​လုပ်​မည်​ပြု​စဉ်​က “အ​လုံး​စုံ​တို့​ကို တောင်​ပေါ်​တွင် သင့်​အား ငါ​ပြ​ခဲ့​သည့်​စံ​န​မူ​နာ​အ​တိုင်း​ပြု​လုပ်​ရန် သ​တိ​ပြု​လော့”​ဟူ​သော​ဗျာ​ဒိတ်​တော်​ကို​ရ​သည့်​နည်း​တူ ထို​သူ​တို့​သည် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သော​အ​ရာ​များ​၏​န​မူ​နာ​ပုံ​ရိပ်​နှင့်​ဆိုင်​သော​ဝတ်​ကို ပြု​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 8