ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 8:1-4 Myanmar Standard Bible (MSB)

1. ငါ​တို့​ပြော​ဆို​နေ​သော အ​ကြောင်း​အ​ရာ​များ​၏​အ​ဓိ​က​အ​ချက်​ဟူ​မူ​ကား ငါ​တို့​၌ ဤ​သို့​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​သည်​ဟူ​၍​ဖြစ်​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ​ရှိ ဘုန်း​တန်​ခိုး​ရှင်​၏​ပလ္လင်​တော်​လက်​ယာ​ဘက်​၌​ထိုင်​လျက်

2. လူ​က​မ​ဟုတ်​ဘဲ ထာ​ဝ​ရ​ဘု​ရား​က​တည်​ဆောက်​တော်​မူ​သော စစ်​မှန်​သည့်​တဲ​တော်​နှင့် သန့်​ရှင်း​ရာ​ဌာ​န​၏​အ​မှု​ကို​ထမ်း​ဆောင်​သူ​ဖြစ်​တော်​မူ​၏။

3. ယဇ်​ပု​ရော​ဟိတ်​မင်း​အား​လုံး​သည် ပူ​ဇော်​သက္ကာ​နှင့်​ယဇ်​တို့​ကို​ပူ​ဇော်​ရန် ခန့်​ထား​ခြင်း​ခံ​ရ​သည်​ဖြစ်​၍ ဤ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လည်း ပူ​ဇော်​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​ရန်​လို​အပ်​၏။

4. ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ခဲ့​လျှင် ပ​ညတ်​တ​ရား​အ​ရ ပူ​ဇော်​သက္ကာ​ကို​ပူ​ဇော်​သော​သူ​များ​ရှိ​နေ​ကြ​သည်​ဖြစ်​၍ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်​မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 8