ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 4:1-6 Myanmar Standard Bible (MSB)

1. ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည့်​က​တိ​တော်​ရှိ​နေ​သေး​လျက်​နှင့် သင်​တို့​ထဲ​မှ မ​ဝင်​လိုက်​ရ​ဘဲ​နေ​မည့်​သူ​တစ်​စုံ​တစ်​ဦး​မျှ​မ​ရှိ​စေ​ရန် သ​တိ​ထား​ကြ​ကုန်​စို့။

2. အ​ကြောင်း​မူ​ကား ငါ​တို့​သည်​လည်း ကောင်း​မြတ်​သော​သ​တင်း​ကို ထို​သူ​တို့​နည်း​တူ ကြား​ရ​ကြ​ပြီ။ သို့​သော် သူ​တို့​ကြား​ရ​သော​နှုတ်​က​ပတ်​တော်​သည် သူ​တို့​၌ ယုံ​ကြည်​ခြင်း​နှင့်​မ​ပေါင်း​စပ်​သော​ကြောင့် သူ​တို့​အ​တွက် အ​ကျိုး​မ​ရှိ​ခဲ့​ချေ။

3. ယုံ​ကြည်​သော​ငါ​တို့​မူ​ကား ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​၏။ ဤ​သည်​ကား “အ​မျက်​တော်​အား​ဖြင့် ငါ​တိုင်​တည်​ပြော​ဆို​သ​ကဲ့​သို့ သူ​တို့​သည် ငါ​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။ သို့​ရာ​တွင် အ​မှု​တော်​များ​သည် ကမ္ဘာ​တည်​က​တည်း​က ပြီး​မြောက်​ပြီ​ဖြစ်​၏။

4. အ​ကြောင်း​မူ​ကား သတ္တ​မ​နေ့​နှင့်​ပတ်​သက်​၍ “သတ္တ​မ​နေ့​တွင် ဘု​ရား​သ​ခင်​သည် မိ​မိ​လုပ်​ဆောင်​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို​ရပ်​လျက် ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏”​ဟု ကျမ်း​တစ်​နေ​ရာ​၌​ဆို​ထား​၏။

5. တစ်​ဖန် “သူ​တို့​သည် ငါ​၏​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု ထို​နေ​ရာ​၌​ဆို​ထား​၏။

6. သို့​ဖြစ်​၍ ထို​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ထဲ​သို့​ဝင်​ရ​သော​အ​ခွင့်​သည် အ​ချို့​သော​သူ​တို့​အ​တွက်​ရှိ​သေး​၏။ ကောင်း​မြတ်​သော​သ​တင်း​ကို ရှေး​ဦး​စွာ​ကြား​ရ​သော​သူ​တို့​သည် မ​နာ​ခံ​မှု​ကြောင့် မ​ဝင်​ခဲ့​ရ​ကြ​ချေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 4