ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 3:1-5 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ ကောင်း​ကင်​နှင့်​ဆိုင်​သော ခေါ်​ယူ​တော်​မူ​ခြင်း​၌​ပါ​ဝင်​သည့် သန့်​ရှင်း​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​ယုံ​ကြည်​ဝန်​ခံ​သည့် တ​မန်​တော်​နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု​အ​ကြောင်း​ကို ဆင်​ခြင်​အောက်​မေ့​ကြ​လော့။

2. မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​အိမ်​တော်​တစ်​ခု​လုံး​အ​ပေါ်​သစ္စာ​ရှိ​သ​ကဲ့​သို့ ယေ​ရှု​သည်​လည်း မိ​မိ​ကို​ခန့်​ထား​သော​ဘု​ရား​သ​ခင်​အ​ပေါ်​သစ္စာ​ရှိ​တော်​မူ​၏။

3. အိမ်​ဆောက်​သူ​သည် ထို​အိမ်​ထက် သာ​၍​ဂုဏ်​သ​ရေ​ရှိ​သ​ကဲ့​သို့ ယေ​ရှု​သည် မော​ရှေ​ထက် သာ​၍​မြင့်​မြတ်​သော​ဘုန်း​အ​သ​ရေ​ကို​ရ​ထိုက်​သည်​ဟု မှတ်​ယူ​ခြင်း​ခံ​ရ​၏။

4. အ​ကြောင်း​မူ​ကား အိမ်​တိုင်း​ကို တစ်​စုံ​တစ်​ယောက်​က တည်​ဆောက်​ရ​၏။ သို့​သော် အ​ရာ​ခပ်​သိမ်း​ကို​တည်​ဆောက်​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

5. မော​ရှေ​သည် နောင်​အ​ခါ​ဟော​ပြော​မည့်​အ​ရာ​တို့​အ​တွက် သက်​သေ​ဖြစ်​ရန် အ​စေ​ခံ​အ​ဖြစ် ဘု​ရား​သ​ခင်​၏​အိမ်​တော်​တစ်​ခု​လုံး​အ​ပေါ်​သစ္စာ​ရှိ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 3