အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5

ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4 Myanmar Standard Bible (MSB)

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​နှင့် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​၏​ဝိ​ညာဉ်

1. ချစ်​ရ​သော​သူ​တို့၊ များ​စွာ​သော​ပ​ရော​ဖက်​အ​တု​အ​ယောင်​တို့​သည် ဤ​လော​က​၌ ပေါ်​လာ​ကြ​ပြီ​ဖြစ်​သော​ကြောင့် ဝိ​ညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သည်​မ​စပ်​ဆိုင်​သည်​ကို စစ်​ဆေး​ကြ​လော့။

2. ယေ​ရှု​ခ​ရစ်​တော်​သည် လူ​သား​အ​ဖြစ်​ဖြင့်​ကြွ​လာ​တော်​မူ​ခဲ့​သည်​ကို ဝန်​ခံ​သော​ဝိ​ညာဉ်​တိုင်း​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​၏။ ဤ​သို့​သော​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​သိ​ကြ​၏။

3. ယေ​ရှု​ကို​ဝန်​မ​ခံ​သော​ဝိ​ညာဉ်​တိုင်း​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်။ ထို​သို့​သော​ဝိ​ညာဉ်​သည် လာ​တော့​မည်​ဟု သင်​တို့​ကြား​ခဲ့​သည့်​အ​တိုင်း ယ​ခု ဤ​လော​က​၌​ရှိ​နှင့်​ပြီ​ဖြစ်​သော ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​၏​ဝိ​ညာဉ်​ဖြစ်​၏။

4. သား​သ​မီး​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သူ​များ​ဖြစ်​ကြ​၍ ထို​သူ​တို့​ကို​အောင်​နိုင်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား သင်​တို့​ဘက်​၌​ရှိ​သော​သူ​သည် လော​က​ဘက်​၌​ရှိ​သော​သူ​ထက် ကြီး​မြတ်​တော်​မူ​၏။

5. ထို​သူ​တို့​သည် လော​က​နှင့်​စပ်​ဆိုင်​သူ​များ​ဖြစ်​ကြ​သော​ကြောင့် လော​က​နှင့်​စပ်​ဆိုင်​သော​အ​ရာ​ကို ပြော​ဆို​တတ်​ကြ​၏။ လော​ကီ​သား​တို့​သည်​လည်း သူ​တို့​ကို​နား​ထောင်​တတ်​ကြ​၏။

6. ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သူ​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​ကို​သိ​သော​သူ​သည် ငါ​တို့​စ​ကား​ကို​နား​ထောင်​တတ်​၏။ ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​သော​သူ​သည် ငါ​တို့​စ​ကား​ကို​နား​မ​ထောင်​တတ်။ ဤ​သို့​သော​အား​ဖြင့် ငါ​တို့​သည် သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​နှင့် မှား​ယွင်း​ခြင်း​၏​ဝိ​ညာဉ်​ကို သိ​ရ​ကြ​၏။

ချစ်​ခြင်း​မေတ္တာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​သိ​ခြင်း

7. ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​ကုန်​စို့။ အ​ကြောင်း​မူ​ကား ချစ်​ခြင်း​မေတ္တာ​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​၏။ ချစ်​ခြင်း​မေတ္တာ​ရှိ​သော​သူ​တိုင်း​သည်​လည်း ဘု​ရား​သ​ခင်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​ကို​သိ​၏။

8. ချစ်​ခြင်း​မေတ္တာ​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။

9. ငါ​တို့​သည် သား​တော်​အား​ဖြင့် အ​သက်​ရှင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည် မိ​မိ​၏​တစ်​ပါး​တည်း​သော​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​၏။ ဤ​သို့​ဖြင့် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်​ရှား​၏။

10. ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ခဲ့​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​က​သာ ငါ​တို့​ကို​ချစ်​တော်​မူ​၍ ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​အ​ဖြစ် မိ​မိ​၏​သား​တော်​ကို စေ​လွှတ်​တော်​မူ​၏။ ဤ​အ​မှု​အ​ရာ​၌ ချစ်​ခြင်း​မေတ္တာ​ရှိ​၏။

11. ချစ်​ရ​သော​သူ​တို့၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ဤ​မျှ​လောက်​ချစ်​တော်​မူ​လျှင် ငါ​တို့​သည်​လည်း အ​ချင်း​ချင်း​ချစ်​သင့်​၏။

12. ဘု​ရား​သ​ခင်​ကို မည်​သူ​မျှ မ​မြင်​ဖူး​သော်​လည်း ငါ​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင် ဘု​ရား​သ​ခင်​သည် ငါ​တို့​၌​တည်​တော်​မူ​၍ ကိုယ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်​စုံ​၏။

13. ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​တော်​မူ​သော​ကြောင့် ငါ​တို့​သည် ဘု​ရား​သ​ခင်​၌​တည်​၍ ဘု​ရား​သ​ခင်​သည်​လည်း ငါ​တို့​၌​တည်​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

14. ခ​မည်း​တော်​သည် သား​တော်​ကို လော​က​၏​ကယ်​တင်​ရှင်​အ​ဖြစ် စေ​လွှတ်​တော်​မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်​သေ​ခံ​ကြ​၏။

15. မည်​သူ​မ​ဆို ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်​ခံ​လျှင် ဘု​ရား​သ​ခင်​သည် ထို​သူ​၌​တည်​တော်​မူ​၍ ထို​သူ​သည်​လည်း ဘု​ရား​သ​ခင်​၌​တည်​၏။

16. ငါ​တို့​သည် ငါ​တို့​အ​ပေါ်​၌ ဘု​ရား​သ​ခင်​ထား​ရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံ​ကြည်​ကြ​၏။ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘု​ရား​သ​ခင်​၌​တည်​၍ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ​၌​တည်​တော်​မူ​၏။

17. ငါ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​စေ​ရန် ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်​စုံ​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​သည်​လည်း ဤ​လော​က​တွင် ကိုယ်​တော်​ကဲ့​သို့​ဖြစ်​ကြ​၏။

18. ချစ်​ခြင်း​မေတ္တာ​၌ ကြောက်​ရွံ့​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​ခြင်း​သည် အ​ပြစ်​ဒဏ်​ခံ​ရ​ခြင်း​နှင့်​သက်​ဆိုင်​သည်​ဖြစ်​၍ စုံ​လင်​သော​ချစ်​ခြင်း​မေတ္တာ​သည် ကြောက်​ရွံ့​ခြင်း​ကို ဖယ်​ရှား​တတ်​၏။ ထို့​ကြောင့် ကြောက်​တတ်​သော​သူ​သည် ချစ်​ခြင်း​မေတ္တာ​နှင့်​မ​ပြည့်​စုံ​သေး။

19. ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ဦး​စွာ​ချစ်​တော်​မူ​သော​ကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။

ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ခြင်း

20. တစ်​စုံ​တစ်​ယောက်​က “ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘု​ရား​သ​ခင်​ကို မ​ချစ်​နိုင်။

21. “ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို​လည်း ချစ်​ရ​မည်”​ဟူ​သော ဤ​ပ​ညတ်​တော်​ကို ကိုယ်​တော်​ထံ​မှ ငါ​တို့​ရ​ရှိ​ကြ​၏။