အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5

ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2 Myanmar Standard Bible (MSB)

1. ငါ့​သား​သ​မီး​တို့၊ သင်​တို့​သည် အ​ပြစ်​မ​ပြု​ကြ​စေ​ရန် ဤ​အ​ရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ တစ်​စုံ​တစ်​ယောက်​သည် အ​ပြစ်​ပြု​မိ​ခဲ့​လျှင် ခ​မည်း​တော်​ထံ​၌ ကူ​ညီ​ဖြေ​ရှင်း​ပေး​သူ​တည်း​ဟူ​သော ဖြောင့်​မတ်​သည့်​အ​ရှင်​ယေ​ရှု​ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ရှိ​၏။

2. ထို​အ​ရှင်​သည် ငါ​တို့​အ​ပြစ်​များ​အ​တွက် အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​ဖြစ်​တော်​မူ​၏။ ငါ​တို့​အ​ပြစ်​များ​အ​တွက်​သာ​မ​က လော​ကီ​သား​အ​ပေါင်း​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း ဖြစ်​တော်​မူ​၏။

ခ​ရစ်​တော်​၏​ပ​ညတ်​တော်​များ

3. ငါ​တို့​သည် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​လျှင် ထို​အ​မှု​အ​ရာ​အား​ဖြင့် ကိုယ်​တော်​အား ငါ​တို့​သိ​ကျွမ်း​သည်​ကို​သိ​ကြ​၏။

4. ကိုယ်​တော်​ကို ငါ​သိ​ကျွမ်း​၏​ဟု​ဆို​လျက် ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​ခြင်း​မ​ရှိ​သော​သူ​သည် လိမ်​လည်​သော​သူ​ဖြစ်​၍ သမ္မာ​တ​ရား​သည် ထို​သူ​၌​မ​ရှိ။

5. သို့​ရာ​တွင် မည်​သူ​မ​ဆို ကိုယ်​တော်​၏​စ​ကား​ကို လိုက်​နာ​စောင့်​ထိန်း​လျှင် ဘု​ရား​သ​ခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ထို​သူ​၌ အ​မှန်​ပင်​ပြည့်​စုံ​၏။ ဤ​သို့​ဖြင့် ငါ​တို့​သည် ကိုယ်​တော်​၌​ရှိ​သည်​ကို သိ​ကြ​၏။

6. ကိုယ်​တော်​၌ ငါ​တည်​၏​ဟု​ဆို​သော​သူ​သည် ကိုယ်​တော်​အ​သက်​ရှင်​လျှောက်​လှမ်း​တော်​မူ​ခဲ့​သည့်​အ​တိုင်း အ​သက်​ရှင်​လျှောက်​လှမ်း​ရ​မည်။

7. ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပ​ညတ်​သည် ပ​ညတ်​သစ်​မ​ဟုတ်။ အ​စ​အ​ဦး​က​ပင် သင်​တို့​၌​ရှိ​သော ပ​ညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပ​ညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်​က​ပတ်​တော်​ဖြစ်​၏။

8. တစ်​ဖန် ကိုယ်​တော်​၌​လည်း​ကောင်း၊ သင်​တို့​၌​လည်း​ကောင်း မှန်​ကန်​သော​ပ​ညတ်​သစ်​ကို သင်​တို့​ထံ​သို့ ငါ​ရေး​လိုက်​၏။ အ​ကြောင်း​မူ​ကား မှောင်​မိုက်​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​၍ စစ်​မှန်​သော​အ​လင်း​သည် ထွန်း​တောက်​ပြီ​ဖြစ်​၏။

9. ငါ​သည် အ​လင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည် ယ​ခု​တိုင်​အောင် မှောင်​မိုက်​၌​ရှိ​သေး​၏။

10. မိ​မိ​ညီ​အစ်​ကို​ကို​ချစ်​သော​သူ​သည် အ​လင်း​၌​တည်​သည်​ဖြစ်​၍ ထို​သူ​၌ မှား​ယွင်း​စေ​သော​အ​ရာ​မ​ရှိ။

11. မိ​မိ​ညီ​အစ်​ကို​ကို​မုန်း​သော​သူ​မူ​ကား မှောင်​မိုက်​၌​ရှိ​၍ မှောင်​မိုက်​၌​အ​သက်​ရှင်​လျှောက်​လှမ်း​နေ​၏။ မှောင်​မိုက်​သည် သူ​၏​မျက်​စိ​ကို​ကွယ်​စေ​သ​ဖြင့် သူ​သည် မိ​မိ​မည်​သည့်​အ​ရပ်​သို့​သွား​နေ​သည်​ကို မ​သိ။

သား​သ​မီး၊ ဖ​ခင်၊ လူ​ငယ်​လူ​ရွယ်​တို့​ထံ ရေး​သား​ရ​ခြင်း​၏​အ​ကြောင်း​ရင်း

12. သား​သ​မီး​တို့၊ သင်​တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​အား​ဖြင့် အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

13. ဖ​ခင်​တို့၊ သင်​တို့​သည် အ​စ​အ​ဦး​က​ပင်​ရှိ​တော်​မူ​သော​အ​ရှင်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည် မ​ကောင်း​သော​အ​ရာ​ကို အောင်​နိုင်​ခဲ့​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏

14. သား​သ​မီး​တို့၊ သင်​တို့​သည် ခ​မည်း​တော်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖ​ခင်​တို့၊ သင်​တို့​သည် အ​စ​အ​ဦး​က​ပင်​ရှိ​တော်​မူ​သော​အ​ရှင်​ကို သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​၌​တည်​သ​ဖြင့် မ​ကောင်း​သော​အ​ရာ​ကို သင်​တို့​အောင်​နိုင်​ခဲ့​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

လော​က​နှင့်​လော​က​အ​ရာ​ကို​မ​ချစ်​နှင့်

15. လော​က​ကို​လည်း​ကောင်း၊ လော​က​၌​ရှိ​သော​အ​ရာ​တို့​ကို​လည်း​ကောင်း မ​ချစ်​ကြ​နှင့်။ မည်​သူ​မ​ဆို လော​က​ကို​ချစ်​လျှင် ခ​မည်း​တော်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌​မ​ရှိ။

16. အ​ကြောင်း​မူ​ကား လော​က​၌​ရှိ​သ​မျှ​သော​အ​ရာ​တည်း​ဟူ​သော ကိုယ်​ကာ​ယ​၏​တပ်​မက်​ခြင်း၊ မျက်​စိ​၏​တပ်​မက်​ခြင်း၊ စည်း​စိမ်​၌​ကြွား​ဝါ​ခြင်း​တို့​သည် ခ​မည်း​တော်​နှင့်​မ​စပ်​ဆိုင်။ လော​က​နှင့်​သာ​စပ်​ဆိုင်​၏။

17. လော​က​နှင့်​လော​ကီ​တပ်​မက်​ခြင်း​တို့​သည် ရွေ့​လျား​ကွယ်​ပျောက်​သွား​မည်။ ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​ဆောင်​ရွက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက်​တည်​၏။

နောက်​ဆုံး​သော​ကာ​လ

18. သား​သ​မီး​တို့၊ ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​၏။ ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​ရောက်​လာ​တော့​မည်​ဟု သင်​တို့​ကြား​ရ​သည့်​အ​တိုင်း ယ​ခု​ပင် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​အ​မြောက်​အ​မြား​ပေါ်​လာ​ကြ​ပြီ။ ထို့​ကြောင့် ယ​ခု​ကာ​လ​သည် နောက်​ဆုံး​သော​ကာ​လ​ဖြစ်​သည်​ကို ငါ​တို့​သိ​ကြ​၏။

19. ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​၏။ သို့​သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မှန်​လျှင် ငါ​တို့​နှင့်​အ​တူ​နေ​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​ထွက်​သွား​ကြ​သည်​မှာ သူ​တို့​အား​လုံး ငါ​တို့​နှင့်​စပ်​ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်​လွင်​ထင်​ရှား​စေ​ရန်​ဖြစ်​၏။

20. သင်​တို့​မူ​ကား သန့်​ရှင်း​တော်​မူ​သော​အ​ရှင်​ထံ​မှ ဘိ​သိက်​ကျေး​ဇူး​ကို ခံ​စား​ရ​သည်​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သိ​ကြ​၏။

21. သင်​တို့​သည် သမ္မာ​တ​ရား​ကို​မ​သိ​ကြ​သော​ကြောင့် မ​ဟုတ်​ဘဲ သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ လိမ်​လည်​ခြင်း​ရှိ​သ​မျှ​တို့​သည် သမ္မာ​တ​ရား​နှင့်​မ​စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​သော​ကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

22. လိမ်​လည်​သော​သူ​ကား မည်​သူ​နည်း။ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း ငြင်း​ပယ်​သော​သူ​မ​ဟုတ်​လော။ ခ​မည်း​တော်​နှင့်​သား​တော်​ကို ငြင်း​ပယ်​သော​သူ​သည် ခ​ရစ်​တော်​ကို​ဆန့်​ကျင်​အန်​တု​သူ​ဖြစ်​၏။

23. သား​တော်​ကို​ငြင်း​ပယ်​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို​မ​ရ။ သား​တော်​ကို​ဝန်​ခံ​သော​သူ​သည် ခ​မည်း​တော်​ကို​ရ​၏။

ဘု​ရား​သ​ခင်​၌​တည်​နေ​ခြင်း

24. အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ခဲ့​သော​အ​ရာ​ကို သင်​တို့​၌​တည်​စေ​ကြ​လော့။ ထို​သို့ အ​စ​အ​ဦး​က​ပင် သင်​တို့​ကြား​နာ​ခဲ့​သော​အ​ရာ​သည် သင်​တို့​၌​တည်​လျှင် သင်​တို့​သည်​လည်း သား​တော်​၌​လည်း​ကောင်း၊ ခ​မည်း​တော်​၌​လည်း​ကောင်း တည်​ကြ​လိမ့်​မည်။

25. ဤ​သည်​ကား ငါ​တို့​အား ကိုယ်​တော်​ပေး​တော်​မူ​သည့် က​တိ​တော်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။

26. သင်​တို့​ကို​လှည့်​ဖြား​သော​သူ​တို့​နှင့်​ပတ်​သက်​၍ ဤ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။

27. သင်​တို့​မူ​ကား ကိုယ်​တော်​ထံ​မှ​ခံ​စား​ရ​သော​ဘိ​သိက်​ကျေး​ဇူး​သည် သင်​တို့​၌​တည်​ရှိ​သည်​ဖြစ်​၍ မည်​သူ​က​မျှ သင်​တို့​ကို​သင်​ပေး​ရန် မ​လို​အပ်​ပေ။ ထို​ဘိ​သိက်​ကျေး​ဇူး​သည် မှန်​ကန်​၍ လိမ်​လည်​ခြင်း​ကင်း​လျက် အ​ရာ​ခပ်​သိမ်း​တို့​ကို သင်​တို့​အား သင်​ပေး​တော်​မူ​သည်​ဖြစ်​၍ သင်​တို့​အား သင်​ပေး​တော်​မူ​သည့်​အ​တိုင်း ကိုယ်​တော်​၌​တည်​နေ​ကြ​လော့။

ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ

28. ထို့​ကြောင့် သား​သ​မီး​တို့၊ ငါ​တို့​သည် ကိုယ်​တော်​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​၍ ကိုယ်​တော်​ကြွ​လာ​တော်​မူ​သည့်​အ​ချိန်​တွင် ရှေ့​တော်​၌ ရှက်​ကြောက်​ခြင်း​မ​ရှိ​စေ​ရန် ကိုယ်​တော်​၌​တည်​နေ​ကြ​လော့။

29. ကိုယ်​တော်​ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို သင်​တို့​သိ​လျှင် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ကျင့်​သုံး​သော​သူ​တိုင်း​သည် ကိုယ်​တော်​ထံ​မှ​ပေါက်​ဖွား​လာ​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​၏။