15. ကျမ်းစာ၌ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဆိုထား၏။
16. ထိုသို့ကြားရလျက်နှင့် ဆန့်ကျင်ခဲ့သူများကား မည်သူတို့နည်း။ မောရှေ၏ဦးဆောင်မှုအားဖြင့် အီဂျစ်ပြည်မှထွက်လာသောသူအပေါင်းတို့ပင်မဟုတ်လော။
17. တစ်ဖန် အနှစ်လေးဆယ်အတွင်း မည်သူတို့အပေါ် အမျက်ထွက်တော်မူခဲ့သနည်း။ အပြစ်ပြု၍ တောကန္တာရ၌ ခန္ဓာကြွေရသူများအပေါ်မဟုတ်လော။
18. ထို့ပြင် “ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မည်သူတို့အား တိုင်တည်၍မိန့်တော်မူခဲ့သနည်း။ နာခံခြင်းမရှိသောသူများကိုပင်မဟုတ်လော။
19. သို့ဖြစ်၍ သူတို့သည် မယုံကြည်မှုကြောင့် မဝင်နိုင်သည်ကို ငါတို့သိမြင်ကြရ၏။