1. သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
2. မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။
3. အိမ်ဆောက်သူသည် ထိုအိမ်ထက် သာ၍ဂုဏ်သရေရှိသကဲ့သို့ ယေရှုသည် မောရှေထက် သာ၍မြင့်မြတ်သောဘုန်းအသရေကိုရထိုက်သည်ဟု မှတ်ယူခြင်းခံရ၏။
4. အကြောင်းမူကား အိမ်တိုင်းကို တစ်စုံတစ်ယောက်က တည်ဆောက်ရ၏။ သို့သော် အရာခပ်သိမ်းကိုတည်ဆောက်သောအရှင်ကား ဘုရားသခင်ပေတည်း။
5. မောရှေသည် နောင်အခါဟောပြောမည့်အရာတို့အတွက် သက်သေဖြစ်ရန် အစေခံအဖြစ် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိ၏။