ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9:3-17 Myanmar Standard Bible (MSB)

3. ဒု​တိ​ယ​ကန့်​လန့်​ကာ​၏​နောက်​တွင်​မူ​ကား အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။

4. ၎င်း​ထဲ​တွင် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ရွှေ​ယဇ်​ပလ္လင်​နှင့် မျက်​နှာ​ပြင်​အ​ဘက်​ဘက်​၌ ရွှေ​ဖြင့်​မွမ်း​မံ​ထား​သော​ပ​ဋိ​ညာဉ်​သေတ္တာ​ရှိ​၏။ ထို​သေတ္တာ​၌ မန္န​မုန့်​ထည့်​ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​ထွက်​သော​အာ​ရုန်​၏​တောင်​ဝှေး​နှင့် ပ​ဋိ​ညာဉ်​ကျောက်​ပြား​တို့​ရှိ​၏။

5. ထို​သေတ္တာ​ပေါ်​တွင် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ခေ​ရု​ဗိမ်​တို့​သည် အ​သ​နား​ခံ​ရာ​ပလ္လင်​ကို အုပ်​မိုး​ထား​ကြ​၏။ ဤ​အ​ရာ​များ​အ​ကြောင်း​ကို ယ​ခု​အ​သေး​စိတ်​ပြော​ပြ​၍ မ​ရ​နိုင်​ပေ။

6. ၎င်း​တို့​ကို ထို​သို့​ပြင်​ဆင်​ပြီး​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တဲ​တော်​ပ​ထ​မ​အ​ခန်း​ထဲ​သို့ အ​စဉ်​ဝင်​၍ ဝတ်​ပြု​ခြင်း​အ​မှု​များ​ကို​ဆောင်​ရွက်​ကြ​၏။

7. ဒု​တိ​ယ​အ​ခန်း​ထဲ​သို့​မူ​ကား ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ တစ်​နှစ်​တစ်​ကြိမ်​ဝင်​လေ​၏။ ထို​သို့​ဝင်​သော​အ​ခါ မိ​မိ​အ​တွက်​လည်း​ကောင်း၊ လူ​တို့​မ​သိ​နား​မ​လည်​၍​ကျူး​လွန်​မိ​သော​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ပူ​ဇော်​သည့်​သွေး​မ​ပါ​ဘဲ​ဝင်​ခြင်း​မ​ရှိ။

8. တဲ​တော်​ပ​ထ​မ​အ​ခန်း​တည်​ရှိ​နေ​သ​ရွေ့ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​ရောက်​ရာ​လမ်း​သည် မ​ပွင့်​သေး​ကြောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က ဤ​အ​မှု​အ​ရာ​အား​ဖြင့် ဖော်​ပြ​တော်​မူ​၏။

9. ထို​တဲ​တော်​သည် ဤ​မျက်​မှောက်​ကာ​လ​အ​တွက် ပုံ​ဥ​ပ​မာ​ဖြစ်​၍ ပူ​ဇော်​သော​ပူ​ဇော်​သက္ကာ​နှင့်​ယဇ်​တို့​သည် ဝတ်​ပြု​သူ​၏​အ​သိ​စိတ်​ကို​မ​စုံ​လင်​စေ​နိုင်​ကြောင်း ဖော်​ပြ​၏။

10. ထို​အ​ရာ​တို့​သည် စား​စ​ရာ၊ သောက်​စ​ရာ​နှင့် အ​ထူး​ထူး​အ​ပြား​ပြား​သော​ဆေး​ကြော​ခြင်း​ဝတ်​များ​နှင့်​ဆိုင်​၍ အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တိုင်​အောင် ထုံး​ဖွဲ့​ထား​သော ကိုယ်​ကာ​ယ​နှင့်​ဆိုင်​သည့် ပြဋ္ဌာန်း​ချက်​များ​သာ​ဖြစ်​ကြ​၏။

11. သို့​သော် ခ​ရစ်​တော်​သည် ရောက်​ရှိ​လာ​ပြီး​ဖြစ်​သည့် ကောင်း​သော​အ​ရာ​များ​နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ကြွ​လာ​တော်​မူ​၍ လူ့​လက်​ဖြင့်​တည်​ဆောက်​သည်​မ​ဟုတ်၊ တစ်​နည်း​ဆို​သော် ဤ​ဖန်​ဆင်း​ခံ​လော​က​မှ​မ​ဟုတ်​သော ပို​၍​ကြီး​မြတ်​ပြီး ပို​၍​စုံ​လင်​သည့်​တဲ​တော်​မှ​တစ်​ဆင့်

12. ဆိတ်​နှင့်​နွား​သ​ငယ်​တို့​၏​သွေး​အား​ဖြင့်​မ​ဟုတ်​ဘဲ မိ​မိ​၏​သွေး​တော်​အား​ဖြင့် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​ဝင်​တော်​မူ​၍ ထာ​ဝ​ရ​ရွေး​နုတ်​ကယ်​တင်​ခြင်း​အ​ကျိုး​ကို သက်​ရောက်​စေ​တော်​မူ​၏။

13. အ​ကြောင်း​မူ​ကား ညစ်​ညူး​ခြင်း​ရှိ​သော​သူ​တို့​အ​ပေါ်​ပက်​ဖျန်း​သော ဆိတ်​သွေး၊ နွား​လား​၏​သွေး​နှင့် နွား​မ​တမ်း​၏​ပြာ​တို့​သည် ကိုယ်​ကာ​ယ​ကို​စင်​ကြယ်​စေ​၍ သူ​တို့​ကို​သန့်​ရှင်း​စေ​သည်​ဆို​လျှင်

14. ထာ​ဝ​ရ​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ခဲ့​သည့် ခ​ရစ်​တော်​၏​သွေး​တော်​သည် အ​သက်​ရှင်​သော​ဘု​ရား​သ​ခင်​ကို ငါ​တို့​ဝတ်​ပြု​မည့်​အ​ကြောင်း သေ​ခြင်း​နှင့်​ဆိုင်​သော​အ​ကျင့်​များ​မှ ငါ​တို့​၏​အ​သိ​စိတ်​ကို မည်​မျှ​ပို​၍​စင်​ကြယ်​စေ​လိမ့်​မည်​နည်း။

15. ထို့​ကြောင့် ခ​ရစ်​တော်​သည် ပ​ဋိ​ညာဉ်​သစ်​၏​ကြား​ဝင်​စေ့​စပ်​သူ​ဖြစ်​တော်​မူ​၏။ ဤ​သည်​ကား ပ​ထ​မ​ပ​ဋိ​ညာဉ်​လက်​အောက်​၌ ဖောက်​ဖျက်​ကျူး​လွန်​သော​အ​ပြစ်​များ​မှ လူ​တို့​ကို​ရွေး​နုတ်​ရန် ကိုယ်​တော်​သည် အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ခေါ်​ယူ​တော်​မူ​သော​သူ​တို့​သည် ထာ​ဝ​ရ​အ​မွေ​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ရ​ရှိ​မည့်​အ​ကြောင်း​တည်း။

16. သေ​တမ်း​စာ​ကို​တင်​ပြ​ရာ​တွင် ထို​သေ​တမ်း​စာ​ကို​ရေး​ထား​သူ သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အ​ထောက်​အ​ထား​ပြ​ရန်​လို​အပ်​၏။

17. အ​ကြောင်း​မူ​ကား သေ​တမ်း​စာ​သည် ၎င်း​ကို​ရေး​ထား​သူ​အ​သက်​ရှင်​နေ​စဉ် အ​ကျုံး​မ​ဝင်၊ ထို​သူ​သေ​ဆုံး​မှ​သာ အ​တည်​ဖြစ်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 9