9. စုံလင်ခြင်းသို့ရောက်ပြီးလျှင် မိမိကိုနာခံသောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကိုပေးသောအရှင်ဖြစ်လာ၍
10. မေလခိဇေဒက်နှင့်အလားတူသော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်၏ခေါ်ဝေါ်သမုတ်တော်မူခြင်းကိုခံရ၏။
11. ထိုမေလခိဇေဒက်နှင့်ပတ်သက်၍ ငါတို့တွင် ပြောစရာစကားများစွာရှိသော်လည်း သင်တို့သည် နားဝေးကြသောကြောင့် ရှင်းပြရန်ခက်၏။
12. အမှန်စင်စစ် သင်တို့သည် အချိန်ကာလအရ ဆရာများဖြစ်သင့်ပြီဖြစ်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားတော်၏အခြေခံကို တစ်စုံတစ်ယောက်က သင်တို့အား အစမှပြန်သင်ပေးရန်လိုအပ်နေ၏။ သင်တို့၌လိုအပ်သည်မှာ မာသောအစာမဟုတ်ဘဲ နို့ရည်သာဖြစ်၏။
13. နို့ရည်ကိုသောက်သုံးနေသောသူတိုင်းသည် ကလေးသူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောနှုတ်ကပတ်တော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိ။
14. မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။