ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 5:1-7 Myanmar Standard Bible (MSB)

1. လူ​တို့​အ​ထဲ​မှ ရွေး​ကောက်​ခြင်း​ခံ​ရ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​မှန်​သ​မျှ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​များ​နှင့်​ပူ​ဇော်​သက္ကာ​များ​ကို လူ​တို့​၏​ကိုယ်​စား ဘု​ရား​သ​ခင်​ထံ​ပူ​ဇော်​ဆက်​ကပ်​ရန် ခန့်​ထား​ခြင်း​ခံ​ရ​၏။

2. သူ​ကိုယ်​တိုင်​လည်း အား​နည်း​ခြင်း​များ​ရှိ​သည်​ဖြစ်​၍ အ​သိ​တ​ရား​ကင်း​မဲ့​လျက် လမ်း​လွဲ​သော​သူ​တို့​ကို စာ​နာ​ထောက်​ထား​နိုင်​၏။

3. ဤ​အ​ကြောင်း​ကြောင့် သူ​သည် လူ​တို့​အ​တွက်​သာ​မ​က မိ​မိ​အ​တွက်​ပါ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်​ရ​၏။

4. ထို့​ပြင် ဤ​ဂုဏ်​သ​ရေ​ရှိ​သော​အ​ရိုက်​အ​ရာ​ကို မည်​သူ​မျှ မိ​မိ​ကိုယ်​တိုင်​ခံ​ယူ​ရ​ရှိ​နိုင်​သည်​မ​ဟုတ်။ အာ​ရုန်​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​ခေါ်​ယူ​တော်​မူ​ခြင်း​အား​ဖြင့်​သာ​ခံ​ယူ​ရ​ရှိ​နိုင်​၏။

5. ထို​နည်း​တူ ခ​ရစ်​တော်​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ​၌ မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သည်​မ​ဟုတ်။ “သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖွား​မြင်​စေ​ပြီ”​ဟု ကိုယ်​တော်​အား​မိန့်​တော်​မူ​သော​အ​ရှင်​က ချီး​မြှောက်​တော်​မူ​ခြင်း​ဖြစ်​၏။

6. အ​ခြား​ကျမ်း​ချက်​တွင်​လည်း “သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နှင့်​အ​လား​တူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။

7. ခ​ရစ်​တော်​သည် လူ​သား​အ​ဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်​တင်​နိုင်​သော​အ​ရှင်​ထံ ကျယ်​လောင်​သော​အော်​ဟစ်​သံ​နှင့်​မျက်​ရည်​တို့​ဖြင့် တောင်း​လျှောက်​၍ အ​သ​နား​ခံ​သ​ဖြင့် ထို​ကြည်​ညို​မှု​ကြောင့် ဘု​ရား​သ​ခင်​သည် နား​ညောင်း​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 5