ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 13:9-22 Myanmar Standard Bible (MSB)

9. ထူး​ခြား​သော​သွန်​သင်​ချက်​အ​မျိုး​မျိုး​နောက်​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား စား​စ​ရာ​အား​ဖြင့်​မ​ဟုတ်​ဘဲ ကျေး​ဇူး​တော်​အား​ဖြင့် စိတ်​နှ​လုံး​ကို​တည်​မြဲ​စေ​ခြင်း​သည် ကောင်း​မြတ်​ပေ​၏။ စား​စ​ရာ​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သော​သူ​တို့​သည် အ​ကျိုး​ကို​မ​ရ​ရှိ​ကြ​ပေ။

10. ငါ​တို့​တွင် ယဇ်​ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်​ပလ္လင်​ပေါ်​မှ​ပူ​ဇော်​သက္ကာ​ကို စား​ခွင့်​မ​ရှိ။

11. အ​ကြောင်း​မူ​ကား ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ယဇ်​ကောင်​တို့​၏​သွေး​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ယူ​ဆောင်​သွား​သော်​လည်း ယဇ်​ကောင်​တို့​၏​ကိုယ်​မူ​ကား စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​၏။

12. ထို့​ကြောင့် ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​ကို​သန့်​ရှင်း​စေ​ရန် မြို့​တံ​ခါး​အ​ပြင်​၌ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။

13. သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​တော်​ခံ​ခဲ့​သော​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို​ဆောင်​ယူ​ပြီး စ​ခန်း​အ​ပြင်​သို့​ထွက်​၍ ကိုယ်​တော်​ထံ​သို့ သွား​ကြ​ကုန်​စို့။

14. အ​ကြောင်း​မူ​ကား ဤ​လော​က​၌ ငါ​တို့​အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ။ နောက်​လာ​မည့်​မြို့​တော်​ကို​သာ ငါ​တို့​ကြိုး​စား​ရှာ​ဖွေ​နေ​ကြ​၏။

15. ထို့​ကြောင့် ငါ​တို့​သည် နာ​မ​တော်​ကို​ဝန်​ခံ​သော​နှုတ်​၏​အ​သီး​အ​ပွင့်​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို ကိုယ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​အား အ​စဉ်​မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​စို့။

16. ကောင်း​သော​အ​မှု​ကို​ပြု​ခြင်း​နှင့် ဝေ​မျှ​ခြင်း​တို့​ကို​လည်း မ​မေ့​လျော့​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ထို​သို့​သော​ယဇ်​များ​ကို ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​၏။

17. သင်​တို့​၏​ခေါင်း​ဆောင်​များ​သည် ဖြေ​ရှင်း​ချက်​ပေး​ရ​မည့်​သူ​အ​ဖြစ် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​အ​တွက် နိုး​နိုး​ကြား​ကြား​ရှိ​နေ​ကြ​သည်​ဖြစ်​၍ သူ​တို့​သည် ညည်း​တွား​ခြင်း​မ​ရှိ​ဘဲ ဝမ်း​မြောက်​စွာ​ဖြင့် ထို​အ​မှု​ကို​ဆောင်​ရွက်​နိုင်​ရန် သူ​တို့​စ​ကား​ကို​နား​ထောင်​လျက် ကျိုး​နွံ​နာ​ခံ​ကြ​လော့။ သို့​မ​ဟုတ်​လျှင် သင်​တို့​အ​တွက် အ​ကျိုး​ရှိ​လိမ့်​မည်​မ​ဟုတ်။

18. ငါ​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လော့။ အ​ကြောင်း​မူ​ကား ငါ​တို့​၌ ကြည်​လင်​သော​အ​သိ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံ​ကြည်​စိတ်​ချ​လျက် အ​ရာ​ရာ​၌ လျောက်​ပတ်​စွာ​အ​သက်​ရှင်​နေ​ထိုင်​ရန်​အ​လို​ရှိ​ကြ​၏။

19. ငါ​သည် သင်​တို့​ထံ​သို့ လျင်​မြန်​စွာ ပြန်​ရောက်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​ပေး​ရန် အ​ထူး​မေတ္တာ​ရပ်​ခံ​ပါ​၏။

20. ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​နှင့်​ဆိုင်​သော​သွေး​တော်​အား​ဖြင့် သိုး​တို့​၏​သိုး​ထိန်း​ကြီး​ဖြစ်​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ကို သေ​သော​သူ​တို့​ထဲ​မှ ခေါ်​ထုတ်​တော်​မူ​သည့် ငြိမ်​သက်​ခြင်း​အ​ရှင်​ဘု​ရား​သ​ခင်​သည်

21. ရှေ့​တော်​၌​နှစ်​သက်​ဖွယ်​သော​အ​မှု​ကို ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​တွင်​ပြု​တော်​မူ​၍ ကိုယ်​တော်​၏​အ​လို​တော်​ကို သင်​တို့​ဆောင်​ရွက်​နိုင်​ရန် ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်​စုံ​စေ​တော်​မူ​ပါ​စေ​သော။ ထို​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

22. ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ အ​ကျဉ်း​ချုံး​ရေး​သား​လိုက်​ခြင်း​သာ​ဖြစ်​၍ ဤ​တိုက်​တွန်း​အား​ပေး​စ​ကား​ကို​လက်​ခံ​ကြ​ရန် သင်​တို့​အား ငါ​တောင်း​ပန်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 13