ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 13:8-15 Myanmar Standard Bible (MSB)

8. ယေ​ရှု​ခ​ရစ်​တော်​သည် မ​နေ့၊ ယ​နေ့​နှင့် နောင်​ကာ​လ​အ​စဉ်​အ​ဆက် ပြောင်း​လဲ​ခြင်း​မ​ရှိ။

9. ထူး​ခြား​သော​သွန်​သင်​ချက်​အ​မျိုး​မျိုး​နောက်​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား စား​စ​ရာ​အား​ဖြင့်​မ​ဟုတ်​ဘဲ ကျေး​ဇူး​တော်​အား​ဖြင့် စိတ်​နှ​လုံး​ကို​တည်​မြဲ​စေ​ခြင်း​သည် ကောင်း​မြတ်​ပေ​၏။ စား​စ​ရာ​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သော​သူ​တို့​သည် အ​ကျိုး​ကို​မ​ရ​ရှိ​ကြ​ပေ။

10. ငါ​တို့​တွင် ယဇ်​ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်​ပလ္လင်​ပေါ်​မှ​ပူ​ဇော်​သက္ကာ​ကို စား​ခွင့်​မ​ရှိ။

11. အ​ကြောင်း​မူ​ကား ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ယဇ်​ကောင်​တို့​၏​သွေး​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ယူ​ဆောင်​သွား​သော်​လည်း ယဇ်​ကောင်​တို့​၏​ကိုယ်​မူ​ကား စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​၏။

12. ထို့​ကြောင့် ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​ကို​သန့်​ရှင်း​စေ​ရန် မြို့​တံ​ခါး​အ​ပြင်​၌ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။

13. သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​တော်​ခံ​ခဲ့​သော​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို​ဆောင်​ယူ​ပြီး စ​ခန်း​အ​ပြင်​သို့​ထွက်​၍ ကိုယ်​တော်​ထံ​သို့ သွား​ကြ​ကုန်​စို့။

14. အ​ကြောင်း​မူ​ကား ဤ​လော​က​၌ ငါ​တို့​အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ။ နောက်​လာ​မည့်​မြို့​တော်​ကို​သာ ငါ​တို့​ကြိုး​စား​ရှာ​ဖွေ​နေ​ကြ​၏။

15. ထို့​ကြောင့် ငါ​တို့​သည် နာ​မ​တော်​ကို​ဝန်​ခံ​သော​နှုတ်​၏​အ​သီး​အ​ပွင့်​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို ကိုယ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​အား အ​စဉ်​မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​စို့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 13