ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 13:3-14 Myanmar Standard Bible (MSB)

3. အ​ကျဉ်း​သား​များ​ကို သူ​တို့​နှင့်​အ​တူ​အ​ချုပ်​အ​နှောင်​ခံ​နေ​ရ​သ​ကဲ့​သို့ သ​တိ​ရ​ကြ​လော့။ မ​တ​ရား​ပြု​မူ​ဆက်​ဆံ​ခြင်း​ခံ​ရ​သော​သူ​တို့​ကို သင်​တို့​လည်း မိ​မိ​ကိုယ်​ခန္ဓာ​၌ ထို​နည်း​တူ​ခံ​ရ​သ​ကဲ့​သို့ သ​တိ​ရ​ကြ​လော့။

4. မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​ကို လူ​တိုင်း​လေး​စား​မြတ်​နိုး​ရ​မည်။ ထိမ်း​မြား​ခြင်း​အိပ်​ရာ​ကို​လည်း ညစ်​ညူး​ခြင်း​မ​ရှိ​စေ​ရ။ အ​ကြောင်း​မူ​ကား တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​သူ​နှင့် အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကျူး​လွန်​သူ​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​လိမ့်​မည်။

5. အ​သက်​ရှင်​နေ​ထိုင်​မှု​တွင် ငွေ​ကို​တပ်​မက်​ခြင်း​မ​ရှိ​ဘဲ မိ​မိ​၌​ရှိ​သော​အ​ရာ​နှင့် ရောင့်​ရဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား “ငါ​သည် မည်​သည့်​အ​ခါ​မျှ သင့်​ကို​စွန့်​ခွာ​မည်​မ​ဟုတ်။ မည်​သည့်​အ​ခါ​မျှ သင့်​ကို​ပစ်​ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်​တော်​မိန့်​တော်​မူ​၏။

6. ထို့​ကြောင့် “ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကူ​ညီ​မ​စ​တော်​မူ​သော​အ​ရှင်​ဖြစ်​၍ ငါ​သည် ကြောက်​ရွံ့​မည်​မ​ဟုတ်။ လူ​သည် ငါ့​ကို မည်​သို့​ပြု​နိုင်​မည်​နည်း”​ဟု ငါ​တို့​သည် ယုံ​ကြည်​စိတ်​ချ​စွာ​ပြော​ဆို​ရ​ကြ​၏။

7. ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို သင်​တို့​အား​ဟော​ပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်း​ဆောင်​များ​ကို သ​တိ​ရ​ကြ​လော့။ သူ​တို့​၏​အ​သက်​ရှင်​နေ​ထိုင်​မှု​မှ​ထွက်​ပေါ်​လာ​သည့် အ​ကျိုး​တ​ရား​ကို​ကြည့်​ရှု​ဆင်​ခြင်​လျက် သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို အ​တု​ယူ​ကြ​လော့။

8. ယေ​ရှု​ခ​ရစ်​တော်​သည် မ​နေ့၊ ယ​နေ့​နှင့် နောင်​ကာ​လ​အ​စဉ်​အ​ဆက် ပြောင်း​လဲ​ခြင်း​မ​ရှိ။

9. ထူး​ခြား​သော​သွန်​သင်​ချက်​အ​မျိုး​မျိုး​နောက်​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား စား​စ​ရာ​အား​ဖြင့်​မ​ဟုတ်​ဘဲ ကျေး​ဇူး​တော်​အား​ဖြင့် စိတ်​နှ​လုံး​ကို​တည်​မြဲ​စေ​ခြင်း​သည် ကောင်း​မြတ်​ပေ​၏။ စား​စ​ရာ​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​သော​သူ​တို့​သည် အ​ကျိုး​ကို​မ​ရ​ရှိ​ကြ​ပေ။

10. ငါ​တို့​တွင် ယဇ်​ပလ္လင်​တစ်​ခု​ရှိ​၏။ တဲ​တော်​ဝတ်​ကို​ပြု​သော​သူ​တို့​သည် ထို​ယဇ်​ပလ္လင်​ပေါ်​မှ​ပူ​ဇော်​သက္ကာ​ကို စား​ခွင့်​မ​ရှိ။

11. အ​ကြောင်း​မူ​ကား ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ယဇ်​ကောင်​တို့​၏​သွေး​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ယူ​ဆောင်​သွား​သော်​လည်း ယဇ်​ကောင်​တို့​၏​ကိုယ်​မူ​ကား စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​၏။

12. ထို့​ကြောင့် ယေ​ရှု​သည်​လည်း မိ​မိ​၏​သွေး​တော်​အား​ဖြင့် လူ​တို့​ကို​သန့်​ရှင်း​စေ​ရန် မြို့​တံ​ခါး​အ​ပြင်​၌ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​တော်​မူ​၏။

13. သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​တော်​ခံ​ခဲ့​သော​ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို​ဆောင်​ယူ​ပြီး စ​ခန်း​အ​ပြင်​သို့​ထွက်​၍ ကိုယ်​တော်​ထံ​သို့ သွား​ကြ​ကုန်​စို့။

14. အ​ကြောင်း​မူ​ကား ဤ​လော​က​၌ ငါ​တို့​အ​တွက်​တည်​မြဲ​သော​မြို့​မ​ရှိ။ နောက်​လာ​မည့်​မြို့​တော်​ကို​သာ ငါ​တို့​ကြိုး​စား​ရှာ​ဖွေ​နေ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 13