ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 12:24-29 Myanmar Standard Bible (MSB)

24. ပ​ဋိ​ညာဉ်​သစ်​၏​ကြား​ဝင်​စေ့​စပ်​သူ ယေ​ရှု​ထံ​သို့​လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက် သာ​၍​မြတ်​သော​အ​ရာ​ကို​မြွက်​ဆို​သည့် ပက်​ဖျန်း​သော​သွေး​တော်​ထံ​သို့​လည်း​ကောင်း ချဉ်း​ကပ်​ကြ​၏။

25. သင်​တို့​သည် မိန့်​တော်​မူ​သော​အ​ရှင်​ကို မ​ငြင်း​ပယ်​မိ​စေ​ရန် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား မြေ​ကြီး​ပေါ်​တွင် ဗျာ​ဒိတ်​တော်​ပေး​သော​သူ​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​မှ​မ​လွတ်​ပါ​က ကောင်း​ကင်​ဘုံ​မှ​ဗျာ​ဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်း​ပယ်​လျှင် ပို​၍​ပင် လွတ်​စ​ရာ​အ​ကြောင်း​မ​ရှိ။

26. ထို​စဉ်​က ကိုယ်​တော်​၏​အ​သံ​တော်​သည် မြေ​ကြီး​ကို​တုန်​လှုပ်​စေ​၏။ ယ​ခု​မူ​ကား ကိုယ်​တော်​က “ငါ​သည် နောက်​တစ်​ဖန် မြေ​ကြီး​ကို​သာ​မ​က​ဘဲ ကောင်း​ကင်​ကို​ပါ တုန်​လှုပ်​စေ​မည်”​ဟု က​တိ​ထား​တော်​မူ​၏။

27. “နောက်​တစ်​ဖန်”​ဟူ​သော​စ​ကား​သည် မ​တုန်​လှုပ်​နိုင်​သော​အ​ရာ​တို့​ကို​တည်​မြဲ​စေ​ရန် ဖန်​ဆင်း​ခြင်း​ခံ​ရ​သည့် တုန်​လှုပ်​တတ်​သော​အ​ရာ​များ​ကို​ဖယ်​ရှား​မည့်​အ​ကြောင်း​ကို ဆို​လို​၏။

28. ထို့​ကြောင့် ငါ​တို့​သည် မ​တုန်​လှုပ်​နိုင်​သော​နိုင်​ငံ​တော်​ကို​ရ​ရှိ​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ထို​သို့ ကျေး​ဇူး​တော်​ချီး​မွမ်း​လျက် ကြည်​ညို​ခြင်း​နှင့်​ရို​သေ​ခန့်​ညား​ခြင်း​တို့​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​တိုင်း ဝတ်​ပြု​ကြ​ကုန်​စို့။

29. အ​ကြောင်း​မူ​ကား ငါ​တို့​၏​ဘု​ရား​သ​ခင်​သည် လောင်​ကျွမ်း​စေ​တတ်​သော​မီး​ဖြစ်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 12