ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11:12-23 Myanmar Standard Bible (MSB)

12. ဤ​သို့​ဖြင့် ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​မှ မ​ရေ​တွက်​နိုင်​သော​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း များ​စွာ​သော​သူ​တို့​သည် သေ​သူ​ကဲ့​သို့​ဖြစ်​နေ​သော​လူ​တစ်​ဦး​ထံ​မှ ပေါက်​ဖွား​လာ​ကြ​၏။

13. ထို​သူ​အ​ပေါင်း​တို့​သည် က​တိ​ပေး​တော်​မူ​သော​အ​ရာ​များ​ကို မ​ခံ​စား​ရ​သော်​လည်း ၎င်း​တို့​ကို အ​ဝေး​မှ​လှမ်း​မြင်​၍ ကြို​ဆို​လက်​ခံ​ကာ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​၌ အာ​ဂန္တု​များ​နှင့်​သူ​စိမ်း​ဧည့်​သည်​များ​သာ​ဖြစ်​ကြောင်း ဝန်​ခံ​လျက် ယုံ​ကြည်​ရင်း​သေ​လွန်​ကြ​၏။

14. ထို​သို့​ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​နေ​ရင်း​ပြည်​ကို ကြိုး​စား​ရှာ​ဖွေ​နေ​ကြောင်း ထင်​ရှား​စေ​ကြ​၏။

15. သူ​တို့​သည် မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သော​ပြည်​ကို သ​တိ​ရ​ကြ​သည်​မှန်​လျှင် ပြန်​ရ​သော​အ​ခွင့်​အ​ခါ​ရှိ​ခဲ့​ပေ​လိမ့်​မည်။

16. သို့​သော် အ​မှန်​အား​ဖြင့် သူ​တို့​သည် အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​ရှိ​သည့်​ပြည်​တည်း​ဟူ​သော သာ​၍​မြတ်​သော​ပြည်​ကို အ​လွန်​တောင့်​တ​နေ​ကြ​၏။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​၏​ဘု​ရား​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို ရှက်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် သူ​တို့​အ​တွက် မြို့​တော်​ကို​ပြင်​ဆင်​ထား​တော်​မူ​၏။

17. အာ​ဗြ​ဟံ​သည် စမ်း​သပ်​စစ်​ဆေး​ခြင်း​ကို​ခံ​ရ​သော​အ​ခါ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇက်​ကို​ပူ​ဇော်​၏။ က​တိ​တော်​များ​ကို​ရ​ရှိ​ထား​သော​သူ​သည် တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန်​ပြင်​ဆင်​၏။

18. ထို​သား​နှင့်​ပတ်​သက်​၍ “ဣ​ဇက်​မှ​ဆင်း​သက်​သော​သူ​သည် သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု မြွက်​ဆို​ထား​၏။

19. ဘု​ရား​သ​ခင်​သည် သေ​လွန်​သော​သူ​တို့​ကို​ပင် ထ​မြောက်​စေ​နိုင်​သည်​ဟု သူ​သည်​မှတ်​ယူ​လျက် ထို​သို့​ပူ​ဇော်​၏။ ပုံ​ဥ​ပ​မာ​အ​ဖြစ်​ဆို​ရ​လျှင် သူ​သည် ထို​သား​ကို သေ​သော​သူ​တို့​ထဲ​မှ ပြန်​ရ​ခဲ့​၏။

20. ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇက်​သည် နောင်​ဖြစ်​မည့်​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ယာ​ကုပ်​နှင့်​ဧ​သော​တို့​ကို ကောင်း​ချီး​ပေး​၏။

21. ယာ​ကုပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​တစ်​ဦး​စီ​ကို ကောင်း​ချီး​ပေး​၍ မိ​မိ​တောင်​ဝှေး​ထိပ်​ကို​မှီ​လျက်​ရှိ​ခိုး​လေ​၏။

22. ယော​သပ်​သည် သေ​ချိန်​နီး​စဉ်​တွင် ယုံ​ကြည်​ခြင်း​အား​ဖြင့် အစ္စ​ရေး​အ​မျိုး​သား​တို့​၏​ထွက်​မြောက်​ခြင်း​အ​ကြောင်း​ကို ပြော​ပြ​လျက် မိ​မိ​၏​အ​ရိုး​များ​နှင့်​ပတ်​သက်​၍ မှာ​ကြား​ခဲ့​၏။

23. မော​ရှေ​ဖွား​မြင်​သော​အ​ခါ အ​ဆင်း​လှ​သော​သူ​ငယ်​ဖြစ်​ကြောင်း သူ​၏​မိ​ဘ​တို့​မြင်​သ​ဖြင့် ရှင်​ဘု​ရင်​၏​အ​မိန့်​တော်​ကို​ပင်​မ​ကြောက်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် သူ့​ကို​သုံး​လ​ပတ်​လုံး​ဝှက်​ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 11