ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 1:10-14 Myanmar Standard Bible (MSB)

10. တစ်​ဖန် “အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စ​အ​ဦး​၌ မြေ​ကြီး​ကို​တည်​တော်​မူ​၍ ကောင်း​ကင်​တို့​သည်​လည်း ကိုယ်​တော်​၏​လက်​ရာ​တော်​ဖြစ်​ပါ​၏။

11. ထို​အ​ရာ​တို့​သည် ပျက်​စီး​သွား​သော်​လည်း ကိုယ်​တော်​သည် ဆက်​၍​တည်​ပါ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ဝတ်​ကဲ့​သို့​ဟောင်း​နွမ်း​ကြ​လိမ့်​မည်။

12. ကိုယ်​တော်​သည် ထို​အ​ရာ​တို့​ကို ခြုံ​ထည်​သ​ကဲ့​သို့​လိပ်​တော်​မူ​သ​ဖြင့် ၎င်း​တို့​သည် အ​ဝတ်​ကဲ့​သို့​ပြောင်း​လဲ​ကြ​လိမ့်​မည်။ ကိုယ်​တော်​မူ​ကား ပြောင်း​လဲ​တော်​မ​မူ​ပါ။ ကိုယ်​တော်​၏​သက်​တမ်း​သည်​လည်း ကုန်​ဆုံး​မည်​မ​ဟုတ်​ပါ”​ဟု မိန့်​တော်​မူ​၏။

13. ထို့​ပြင် ဘု​ရား​သ​ခင်​သည်​မည်​သည့်​ကောင်း​ကင်​တ​မန်​အား “သင့်​ရန်​သူ​တို့​ကို သင်​၏​ခြေ​တင်​ခုံ​အ​ဖြစ် ငါ​ချ​ထား​သည့်​တိုင်​အောင် ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့”​ဟု မိန့်​တော်​မူ​ခဲ့​ဖူး​သ​နည်း။

14. ကောင်း​ကင်​တ​မန်​အား​လုံး​တို့​သည် ကယ်​တင်​ခြင်း​ကို​အ​မွေ​ဆက်​ခံ​မည့်​သူ​များ​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် စေ​လွှတ်​ခြင်း​ခံ​ရ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ 1