ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 7:9-13 Myanmar Standard Bible (MSB)

9. ယေ​ရှု​သည် ထို​စ​ကား​တို့​ကို​ကြား​လျှင် တပ်​မှူး​ကို​အံ့​သြ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​ကို လှည့်​ကြည့်​ကာ “သင်​တို့​အား ငါ​ဆို​မည်။ ဤ​မျှ​လောက်​ကြီး​မား​သော​ယုံ​ကြည်​ခြင်း​ကို အစ္စ​ရေး​လူ​မျိုး​၌​ပင် ငါ​မ​တွေ့​ဖူး​ချေ”​ဟု မိန့်​တော်​မူ​၏။

10. စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် အိမ်​သို့​ပြန်​ရောက်​သော​အ​ခါ ထို​အ​စေ​အ​ပါး​ကျန်း​မာ​လျက်​ရှိ​နေ​သည်​ကို​တွေ့​ကြ​၏။

11. နောက်​တစ်​နေ့​တွင် ကိုယ်​တော်​သည် နာ​ဣ​န​ဟု​ခေါ်​သော​မြို့​သို့ ကြွ​တော်​မူ​ရာ တ​ပည့်​တော်​တို့​မှ​စ​၍ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။

12. မြို့​တံ​ခါး​အ​နီး​သို့​ရောက်​တော်​မူ​သော​အ​ချိန်​တွင် လူ​တို့​သည် သေ​ဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်​ဆောင်​လာ​ကြ​၏။ သူ​သည် မိ​ခင်​ဖြစ်​သူ​မု​ဆိုး​မ​၏​တစ်​ဦး​တည်း​သော​သား​ဖြစ်​၏။ များ​စွာ​သော​မြို့​သူ​မြို့​သား​တို့​သည်​လည်း ထို​အ​မျိုး​သ​မီး​နှင့်​အ​တူ​ရှိ​ကြ​၏။

13. သ​ခင်​ဘု​ရား​သည် ထို​အ​မျိုး​သ​မီး​ကို​မြင်​သော​အ​ခါ သူ့​အ​ပေါ်​ကြင်​နာ​စိတ်​ရှိ​တော်​မူ​၍ “မ​ငို​နှင့်”​ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 7