46. သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။
47. ထို့ကြောင့် သင့်အား ငါဆိုမည်။ သူ၏များပြားလှသောအပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရပြီ။ အကြောင်းမူကား သူသည် များစွာချစ်၏။ အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသောသူသည် အနည်းငယ်သာချစ်၏”ဟု မိန့်တော်မူ၏။
48. ထို့နောက် ထိုအမျိုးသမီးအား “သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။
49. ထိုအခါ ကိုယ်တော်နှင့်အတူ စားသောက်ပွဲ၌ထိုင်နေသောသူတို့က “အပြစ်ကိုပင် ခွင့်လွှတ်သောဤသူကား မည်သူနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
50. သို့သော် ကိုယ်တော်သည် ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု မိန့်တော်မူ၏။