18. သူတို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့ရောဂါများငြိမ်းစေခြင်းကိုခံယူရန် ရောက်လာသူများဖြစ်ကြ၏။ ညစ်ညူးသောနတ်တို့၏ညှဉ်းဆဲခြင်းခံရသောသူများသည်လည်း အကောင်းပကတိဖြစ်လာကြ၏။
19. ကိုယ်တော်ထံမှတန်ခိုးတော်ထွက်၍ လူအပေါင်းတို့ကိုကျန်းမာစေသောကြောင့် လူထုပရိသတ်အားလုံးသည် ကိုယ်တော်ကိုတို့ထိနိုင်ရန် ကြိုးစားကြ၏။
20. ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့မျက်နှာမူလျက် မြွက်ဆိုတော်မူသည်မှာ “ဆင်းရဲနွမ်းပါးသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
21. ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
22. လူ့သားကြောင့် လူတို့သည် သင်တို့ကိုမုန်းတီးသောအခါ၌လည်းကောင်း၊ သင်တို့ကိုဝိုင်းပယ်၍ ကဲ့ရဲ့ပြစ်တင်ကာ သင်တို့၏နာမည်ကိုဖျက်သောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။
23. ထိုနေ့ရက်၌ ဝမ်းမြောက်လျက် ကခုန်ကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့၏ဘိုးဘေးများသည်လည်း ပရောဖက်များကို ထိုနည်းတူပြုကြ၏။