ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 6:15-18 Myanmar Standard Bible (MSB)

15. မဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်​နှင့် မျိုး​ချစ်​ပုဂ္ဂိုလ်​ဟု​ခေါ်​ကြ​သော​ရှိ​မုန်၊

16. ယာ​ကုပ်​၏​သား​ယု​ဒ​နှင့် သစ္စာ​ဖောက်​သော​သူ​ဖြစ်​သွား​သည့် ယု​ဒ​ဣ​ရှ​ကာ​ရုတ်​တို့​ဖြစ်​ကြ​၏။

17. ထို့​နောက် ကိုယ်​တော်​သည် သူ​တို့​နှင့်​အ​တူ တောင်​ပေါ်​မှ​ကြွ​ဆင်း​လာ​၍ မြေ​ပြန့်​သည့်​အ​ရပ်​တွင် ရပ်​တော်​မူ​၏။ ထို​နေ​ရာ​၌ တ​ပည့်​တော်​တို့​၏​အ​စု​အ​ဝေး​ကြီး​မှ​စ​၍ ယု​ဒ​နယ်​အ​ရပ်​ရပ်​တို့​နှင့် ဂျေ​ရု​ဆ​လင်​မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​မှ​လည်း​ကောင်း လာ​ကြ​သော လူ​အ​မြောက်​အ​မြား​ရှိ​ကြ​၏။

18. သူ​တို့​သည် တ​ရား​တော်​ကို​ကြား​နာ​ရန်​နှင့် မိ​မိ​တို့​ရော​ဂါ​များ​ငြိမ်း​စေ​ခြင်း​ကို​ခံ​ယူ​ရန် ရောက်​လာ​သူ​များ​ဖြစ်​ကြ​၏။ ညစ်​ညူး​သော​နတ်​တို့​၏​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​များ​သည်​လည်း အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 6