34. ယေရှုကလည်း “သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် သူတို့ကို အစာရှောင်စေနိုင်မည်လော။
35. သို့သော် သတို့သားကို သူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုနေ့ရက်များရောက်လာသည့်အခါ၌ သူတို့သည် အစာရှောင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
36. ထို့နောက် သူတို့အား ပုံဥပမာတစ်ခုမြွက်ဆိုတော်မူသည်မှာ “မည်သူမျှ အဝတ်အသစ်မှပိတ်စကိုဆုတ်ဖြဲ၍ အဝတ်အဟောင်းကို ဖာလေ့မရှိ။ ထိုသို့ပြုလျှင် အဝတ်အသစ်ကို ဆုတ်ဖြဲရသည်သာမက ဖာထားသောပိတ်စအသစ်သည်လည်း အဝတ်အဟောင်းနှင့် လိုက်ဖက်မည်မဟုတ်။
37. စပျစ်ဝိုင်အသစ်ကိုလည်း မည်သူမျှ သားရေဘူးအဟောင်း၌ ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးကိုပေါက်ပြဲစေသဖြင့် စပျစ်ဝိုင်ယိုထွက်ကာ သားရေဘူးလည်း ပျက်စီးသွားလိမ့်မည်။