ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 5:16-26 Myanmar Standard Bible (MSB)

16. သို့​သော် ကိုယ်​တော်​သည် လူ​သူ​ကင်း​ဝေး​ရာ​အ​ရပ်​သို့​သွား​၍ ဆု​တောင်း​လေ့​ရှိ​တော်​မူ​၏။

17. တစ်​နေ့​သ​၌ ကိုယ်​တော်​သည် သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​နယ်​နှင့် ယု​ဒ​နယ်​ရှိ ကျေး​ရွာ​အ​ပေါင်း​တို့​မှ​လည်း​ကောင်း၊ ဂျေ​ရု​ဆ​လင်​မြို့​မှ​လည်း​ကောင်း ရောက်​လာ​ကြ​သော ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အ​နာ​ရော​ဂါ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။

18. ထို​အ​ခါ လူ​တို့​သည် လေ​ဖြတ်​သော​သူ​တစ်​ဦး​ကို အိပ်​ရာ​နှင့်​တ​ကွ​သယ်​ဆောင်​လာ​ပြီး သူ့​ကို​အ​ထဲ​သို့​သွင်း​၍ ကိုယ်​တော်​ရှေ့​၌​ချ​ထား​ရန် ကြိုး​စား​ကြ​၏။

19. သို့​ရာ​တွင် လူ​အ​စု​အ​ဝေး​တို့​ကြောင့် သူ့​ကို​သယ်​သွား​ရ​မည့်​လမ်း​ကို မ​တွေ့​သ​ဖြင့် လေ​သာ​ဆောင်​အ​ပေါ်​သို့​တက်​ကာ အုတ်​ကြွပ်​ကို​ခွာ​၍ လူ​နာ​ကို ပ​ရိ​သတ်​အ​လယ် ယေ​ရှု​၏​ရှေ့​တော်​သို့ အိပ်​ရာ​နှင့်​တ​ကွ​လျှော​ချ​ကြ​၏။

20. ကိုယ်​တော်​သည် ထို​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် “အ​ချင်း​လူ၊ သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ”​ဟု မိန့်​တော်​မူ​၏။

21. ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့​က “ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သော​ဤ​သူ​ကား မည်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး မည်​သူ​သည် အ​ပြစ်​များ​ကို​ခွင့်​လွှတ်​နိုင်​သ​နည်း”​ဟု တွေး​တော​ဆင်​ခြင်​ကြ​၏။

22. ယေ​ရှု​သည် သူ​တို့​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို သိ​တော်​မူ​၍ “အ​ဘယ်​ကြောင့် သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ထို​သို့​တွေး​တော​ဆင်​ခြင်​နေ​ကြ​သ​နည်း။

23. ‘သင်​၏​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​ပြီ’​ဟု ဆို​ရန်​နှင့် ‘ထ​၍ လမ်း​လျှောက်​လော့’​ဟု ဆို​ရန် မည်​သည့်​အ​ရာ​က ပို​၍​လွယ်​ကူ​သ​နည်း။

24. သို့​သော် လူ့​သား​သည် မြေ​ကြီး​ပေါ်​တွင် အ​ပြစ်​များ​ခွင့်​လွှတ်​ပိုင်​ခွင့်​ရှိ​ကြောင်း သင်​တို့​သိ​စေ​ရန်”​ဟု သူ​တို့​အား မိန့်​တော်​မူ​ပြီး​လျှင် လေ​ဖြတ်​သော​သူ​အား “သင့်​ကို ငါ​ဆို​မည်။ ထ​လော့။ သင်​၏​အိပ်​ရာ​ကို​ဆောင်​ယူ​၍ အိမ်​သို့​ပြန်​လော့”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ခါ လေ​ဖြတ်​သော​သူ​သည် လူ​တို့​ရှေ့​တွင် ချက်​ချင်း​ထ​၍ မိ​မိ​လဲ​လျောင်း​ခဲ့​သော​အိပ်​ရာ​ကို ဆောင်​ယူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

26. လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ “ယ​နေ့ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အ​လွန်​ထိတ်​လန့်​အံ့​ဩ​သော​စိတ်​ဖြင့်​ပြော​ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 5