ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 3:4-9 Myanmar Standard Bible (MSB)

4. ဤ​သည်​ကား “တော​ကန္တာ​ရ​၌​ဟစ်​ကြော်​သော​အ​သံ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​လမ်း​တော်​ကို ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကြောင်း​များ​ကို ဖြောင့်​တန်း​စေ​ကြ​လော့။

5. ချိုင့်​ဝှမ်း​လျှို​မြောင်​ရှိ​သ​မျှ​တို့​ကို​ဖို့​၍ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​ကို ဖြို​ရ​မည်။ ကောက်​သော​လမ်း​များ​ကို ဖြောင့်​တန်း​စေ​၍ ကြမ်း​တမ်း​သော​လမ်း​များ​ကို ချော​မွေ့​စေ​ရ​မည်။

6. ထို​အ​ခါ လူ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ထား​သော​ကျမ်း​တွင်​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

7. ယော​ဟန်​သည် သူ့​ထံ​၌ ဗတ္တိ​ဇံ​ခံ​ရန်​ရောက်​လာ​ကြ​သော လူ​ထု​ပ​ရိ​သတ်​တို့​အား “မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လာ​မည့်​အ​မျက်​တော်​မှ ထွက်​ပြေး​ရန် သင်​တို့​ကို​မည်​သူ​သ​တိ​ပေး​ခဲ့​သ​နည်း။

8. သို့​ဖြစ်​၍ နောင်​တ​နှင့်​ထိုက်​တန်​သော​အ​သီး​ကို သီး​ကြ​လော့။ ငါ​တို့​တွင် အ​ဖ​အာ​ဗြ​ဟံ​ရှိ​သည်​ဟူ​၍ သင်​တို့​စိတ်​ထဲ​၌​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အ​တွက် သား​သ​မီး​များ​ကို ဤ​ကျောက်​ခဲ​တို့​ထဲ​မှ​ပေါ်​ထွန်း​စေ​နိုင်​သည်။

9. ပု​ဆိန်​ကို​လည်း သစ်​ပင်​တို့​၏​အ​မြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်​၍ ကောင်း​သော​အ​သီး​ကို​မ​သီး​သော​အ​ပင်​တိုင်း​သည် ခုတ်​လှဲ​ခြင်း​ခံ​ရ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု ဆို​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 3