ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 3:22-26 Myanmar Standard Bible (MSB)

22. သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့​သော​အ​ဆင်း​သဏ္ဌာန်​ဖြင့် ကိုယ်​တော်​အ​ပေါ်​သို့ ဆင်း​သက်​တော်​မူ​၏။ ကောင်း​ကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေ​တည်း။ သင့်​ကို ငါ​နှစ်​သက်​၏”​ဟု အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

23. ယေ​ရှု​သည် အ​မှု​တော်​စ​တင်​ဆောင်​ရွက်​သော​အ​ခါ သက်​တော်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​၏​ထင်​မြင်​ချက်​အ​ရ ကိုယ်​တော်​သည် ယော​သပ်​၏​သား​ဖြစ်​၏။ ယော​သပ်​သည် ဧ​လိ​၏​သား၊

24. ဧ​လိ​သည် မသ္သတ်​၏​သား၊ မသ္သတ်​သည် လေ​ဝိ​၏​သား၊ လေ​ဝိ​သည် မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​သည် ယန္န​၏​သား၊ ယန္န​သည် ယော​သပ်​၏​သား၊

25. ယော​သပ်​သည် မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည် အာ​မုတ်​၏​သား၊ အာ​မုတ်​သည် နာ​ဟုံ​၏​သား၊ နာ​ဟုံ​သည် ဧ​သ​လိ​၏​သား၊ ဧ​သ​လိ​သည် နဂ္ဂဲ​၏​သား၊

26. နဂ္ဂဲ​သည် မာ​အတ်​၏​သား၊ မာ​အတ်​သည် မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည် ရှေ​မိ​၏​သား၊ ရှေ​မိ​သည် ယော​သပ်​၏​သား၊ ယော​သပ်​သည် ယု​ဒ​၏​သား၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 3