4. သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။
5. အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းကို အောက်သို့ငုံ့လျက်နေကြရာ ထိုသူတို့က “သင်တို့သည် သေသောသူတို့တွင် အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။
6. ကိုယ်တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိတော်မူစဉ် သင်တို့အားမည်သို့မိန့်တော်မူခဲ့သည်ကို သတိရကြလော့။
7. ကိုယ်တော်က လူ့သားသည် အပြစ်သားတို့၏လက်သို့အပ်နှံခြင်းကိုခံရလျက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်မဟုတ်လော”ဟု မြွက်ဆိုကြ၏။
8. ထိုအခါ အမျိုးသမီးတို့သည် ကိုယ်တော်၏စကားတော်များကို သတိရ၍
9. သင်္ချိုင်းတော်မှ ပြန်သွားပြီးလျှင် တစ်ဆယ့်တစ်ပါးသောတပည့်တော်နှင့် အခြားသောသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။