38. ကိုယ်တော်ကလည်း “အဘယ်ကြောင့်တုန်လှုပ်ချောက်ချားကြသနည်း။ အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ သံသယဖြစ်ကြသနည်း။
39. ငါ့လက်နှင့်ငါ့ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကိုတို့ထိစမ်းသပ်၍ ကြည့်ရှုကြလော့။ အကြောင်းမူကား တစ္ဆေ၌ အရိုးအသားမရှိ။ ငါ၌မူကား သင်တို့မြင်ရသည့်အတိုင်း အရိုးအသားရှိ၏”ဟု
40. မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်နှင့်ခြေတော်တို့ကို သူတို့အား ပြတော်မူ၏။
41. သူတို့သည် ဝမ်းမြောက်သဖြင့် မယုံနိုင်သေးဘဲရှိ၍ အံ့ဩလျက်နေကြစဉ် ကိုယ်တော်က “ဤနေရာတွင် စားစရာတစ်စုံတစ်ခုရှိသလော”ဟု မေးတော်မူ၏။
42. ထိုအခါ သူတို့သည် ငါးကင်တစ်ပိုင်းကို ကိုယ်တော်အား ပေးကြရာ
43. ကိုယ်တော်သည်ယူ၍ သူတို့ရှေ့တွင် သုံးဆောင်တော်မူ၏။
44. တစ်ဖန် ကိုယ်တော်က “သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတို့တွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။
45. ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင်
46. သူတို့အားမြွက်ဆိုတော်မူသည်မှာ “ကျမ်းစာ၌ရေးထားသည်ကား ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သုံးရက်မြောက်သောနေ့၌ သေသောသူတို့ထဲမှ ထမြောက်ရမည်။
47. ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။
48. သင်တို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။
49. ငါသည် ငါ့ခမည်းတော်၏ကတိတော်ကို သင်တို့ထံသို့စေလွှတ်မည်။ သို့သော် သင်တို့သည် အထက်ကောင်းကင်မှတန်ခိုးဖြင့် လွှမ်းခြုံခြင်းခံရသည်အထိ ဂျေရုဆလင်မြို့၌ နေကြဦးလော့”ဟု မိန့်တော်မူ၏။
50. ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။
51. ထိုသို့ကောင်းချီးပေးတော်မူစဉ်၌ပင် ကိုယ်တော်သည် သူတို့ထံမှ ခွဲခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
52. သူတို့သည် ကိုယ်တော်ကိုရှိခိုးပြီးလျှင် အလွန်ဝမ်းမြောက်လျက် ဂျေရုဆလင်မြို့သို့ပြန်သွားကြကာ