ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 22:20-25 Myanmar Standard Bible (MSB)

20. ထို​နည်း​တူ ည​စာ​စား​ပြီး​နောက် ခွက်​ကို​လည်း​ယူ​၍ “ဤ​ခွက်​ကား သင်​တို့​အ​တွက်​သွန်း​လောင်း​သော ငါ​၏​သွေး​၌​တည်​သည့် ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။

21. သို့​သော် ငါ့​ကို​အပ်​နှံ​မည့်​သူ​၏​လက်​သည် ငါ​နှင့်​အ​တူ​စား​ပွဲ​ပေါ်​၌​ရှိ​၏။

22. လူ့​သား​သည်​ချ​မှတ်​ထား​ခြင်း​ခံ​ရ​သည့်​အ​တိုင်း သွား​ရ​မည်​မှန်​၏။ သို့​သော် လူ့​သား​ကို​အပ်​နှံ​သော​သူ​သည် အမင်္ဂ​လာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

23. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​တွင် မည်​သူ​သည် ထို​သို့​ပြု​ရန်​ကြံ​ရွယ်​နေ​သ​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။

24. ထို့​နောက် သူ​တို့​တွင် မည်​သူ့​ကို အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည်​ဟု မှတ်​ယူ​ရ​မည်​ကို​လည်း အ​ချင်း​ချင်း​အ​ငြင်း​ပွား​ကြ​၏။

25. သို့​သော် ကိုယ်​တော်​က “လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ် အ​စိုး​တ​ရ​ပြု​တတ်​ကြ​၏။ လူ​တို့​အ​ပေါ်​အာ​ဏာ​ရှိ​သော​သူ​များ​သည်​လည်း အ​များ​အ​ကျိုး​ဆောင်​သူ​ဟု ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ကြ​ရ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 22