10. ကိုယ်တော်က “သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးထမ်းသောလူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့်မည်။ ထိုသူဝင်သောအိမ်ထဲသို့ လိုက်သွားပြီးလျှင်
11. အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကို သုံးဆောင်ရမည့်အခန်းသည် အဘယ်မှာရှိသနည်းဟု သင့်အား မေးလိုက်ပါသည်’ဟူ၍ ပြောကြလော့။
12. ထိုသူသည် ခင်းကျင်းထားသော အပေါ်ထပ်ခန်းမကို သင်တို့အားပြလိမ့်မည်။ ထိုနေရာ၌ ပြင်ဆင်ကြလော့”ဟု မိန့်တော်မူ၏။
13. သူတို့သည်လည်း သွား၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
14. အချိန်ရောက်သောအခါ ကိုယ်တော်သည် တမန်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။
15. ကိုယ်တော်က “ငါသည် ဒုက္ခဝေဒနာမခံစားရမီ ဤပသခါပွဲတော်ကို သင်တို့နှင့်အတူစားရန် အလွန်အလိုရှိ၏။