32. သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီ ဤမျိုးဆက်သည် လုံးဝမကွယ်ပျောက်ရာ။
33. ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှကွယ်ပျောက်လိမ့်မည်မဟုတ်။
34. သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
35. အကြောင်းမူကား ထိုနေ့ရက်သည် မြေတစ်ပြင်လုံး၌နေထိုင်သူအပေါင်းတို့အပေါ်သို့ သက်ရောက်လာလိမ့်မည်။
36. ထို့ကြောင့် သင်တို့သည် ဖြစ်ပျက်တော့မည့် ဤအမှုခပ်သိမ်းတို့မှ လွတ်မြောက်၍ လူ့သား၏ရှေ့တော်၌ မတ်တတ်ရပ်နိုင်ရန် အချိန်ရှိသရွေ့ နိုးနိုးကြားကြားရှိလျက် ဆုတောင်းကြလော့”ဟု မိန့်တော်မူ၏။
37. ကိုယ်တော်သည် နေ့အခါများ၌ ဗိမာန်တော်တွင် သွန်သင်တော်မူပြီး ညအခါများ၌မူ အပြင်သို့ထွက်သွား၍ သံလွင်အမည်ရှိသောတောင်ပေါ်၌ ညကိုကုန်လွန်စေတော်မူ၏။
38. လူအပေါင်းတို့သည်လည်း ကိုယ်တော်၏တရားတော်ကိုကြားနာရန် နံနက်စောစော ဗိမာန်တော်၌ရှိသောကိုယ်တော်ထံသို့ လာကြ၏။