ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 20:20-23 Myanmar Standard Bible (MSB)

20. ထို့​ကြောင့် သူ​တို့​သည် ကိုယ်​တော်​ကို​စောင့်​ကြည့်​လျက် နှုတ်​တော်​ထွက်​စ​ကား​တွင် အ​ပြစ်​ရှာ​၍ ကိုယ်​တော်​ကို ဘု​ရင်​ခံ​၏​အုပ်​ချုပ်​မှု​အာ​ဏာ​အောက်​သို့ အပ်​နှံ​နိုင်​ရန် ဖြောင့်​မတ်​သူ​အ​ဖြစ် ဟန်​ဆောင်​သော​သူ​လျှို​များ​ကို စေ​လွှတ်​ကြ​၏။

21. ထို​သူ​လျှို​တို့​က “ဆ​ရာ၊ ဆ​ရာ​သည် မှန်​ကန်​စွာ​ဟော​ပြော​သွန်​သင်​၍ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို သမ္မာ​တ​ရား​နှင့်​အ​ညီ​သွန်​သင်​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

22. ဆီ​ဇာ​ဧ​က​ရာဇ်​ကို အ​ကျွန်ုပ်​တို့​အ​ခွန်​ဆက်​သ​ခြင်း​သည် တ​ရား​တော်​နှင့်​ညီ​သ​လော သို့​မ​ဟုတ် မ​ညီ​သ​လော”​ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။

23. သို့​သော် ကိုယ်​တော်​သည် သူ​တို့​၏​ပ​ရိ​ယာယ်​ကို​သိ​တော်​မူ​၍

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 20