ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 19:16-21 Myanmar Standard Bible (MSB)

16. ပ​ထ​မ​တစ်​ဦး​သည် လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ဆယ်​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

17. သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ အ​စေ​အ​ပါး​ကောင်း၊ သင်​သည် သေး​ငယ်​သော​အ​မှု​၌ သစ္စာ​ရှိ​သော​ကြောင့် မြို့​ဆယ်​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​လေ​၏။

18. ဒု​တိ​ယ​တစ်​ဦး​သည်​လည်း လာ​၍ ‘သ​ခင်၊ သ​ခင်​၏​ငွေ​တစ်​မိ​နာ့​အား​ဖြင့် ငွေ​ငါး​မိ​နာ့​အ​မြတ်​ရ​ပါ​သည်’​ဟု လျှောက်​လေ​၏။

19. သ​ခင်​က​လည်း ‘သင်​သည် မြို့​ငါး​မြို့​ကို​အုပ်​ချုပ်​လော့’​ဟု ဆို​၏။

20. ထို့​နောက် အ​ခြား​တစ်​ဦး​သည်​လာ​၍ ‘သ​ခင်၊ ကြည့်​ပါ။ ပ​ဝါ​ထဲ​၌ အ​ကျွန်ုပ်​ထုပ်​၍​သိမ်း​ထား​သော သ​ခင်​၏​ငွေ​တစ်​မိ​နာ့​ရှိ​ပါ​သည်။

21. သ​ခင်​သည် စည်း​ကမ်း​ကြီး​၍​တိ​ကျ​သော​သူ​ဖြစ်​ပြီး မိ​မိ​မ​ထည့်​သွင်း​ထား​သော​အ​ရာ​ကို​ထုတ်​ယူ​လျက် မိ​မိ​မ​စိုက်​ပျိုး​သည့်​အ​ရာ​ကို ရိတ်​သိမ်း​တတ်​သော​ကြောင့် အ​ကျွန်ုပ်​ကြောက်​ပါ​သည်’​ဟု လျှောက်​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 19