ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 15:24-29 Myanmar Standard Bible (MSB)

24. အ​ကြောင်း​မူ​ကား ငါ​၏​ဤ​သား​သည် သေ​ဆုံး​ခဲ့​သော်​လည်း ပြန်​ရှင်​လာ​ပြီး ပျောက်​ဆုံး​ခဲ့​သော်​လည်း ပြန်​တွေ့​ရ​ပြီ’​ဟု ဆို​လေ​၏​။ ထို့​နောက် သူ​တို့​သည် ပျော်​ပွဲ​ရွှင်​ပွဲ​ကို​အ​စ​ပြု​ကြ​လေ​၏။

25. လယ်​၌​ရှိ​သော သား​ကြီး​မူ​ကား ပြန်​လာ​၍ အိမ်​အ​နီး​သို့​ရောက်​လာ​သော​အ​ခါ တီး​မှုတ်​သံ​နှင့်​က​ခုန်​သံ​တို့​ကို​ကြား​ရ​သ​ဖြင့်

26. အ​စေ​ခံ​တစ်​ဦး​ကို​ခေါ်​၍ ‘မည်​သည့်​အ​ခြင်း​အ​ရာ​များ​ဖြစ်​ပျက်​နေ​သ​နည်း’​ဟု မေး​မြန်း​လေ​၏။

27. အ​စေ​ခံ​က​လည်း ‘သင်​၏​ညီ​ပြန်​ရောက်​လာ​ပြီ။ သူ့​ကို​ကျန်း​မာ​စွာ​ဖြင့် ပြန်​တွေ့​ရ​သည့်​အ​တွက် သင်​၏​ဖ​ခင်​သည် ဆူ​ဖြိုး​သော​နွား​သ​ငယ်​ကို​သတ်​ပါ​ပြီ’​ဟု ပြော​ဆို​၏။

28. ထို​အ​ခါ သား​ကြီး​သည် အ​မျက်​ထွက်​၍ အ​ထဲ​သို့​မ​ဝင်​လို​သော​ကြောင့် သူ​၏​ဖ​ခင်​သည် အ​ပြင်​သို့​ထွက်​လာ​၍ သူ့​ကို​ဖျောင်း​ဖျ​လေ​၏။

29. သို့​ရာ​တွင် သူ​သည် ဖ​ခင်​အား ‘အ​ကျွန်ုပ်​သည် နှစ်​ပေါင်း​များ​စွာ အ​ဖေ့​ကို​အ​စေ​ခံ​၍ အ​ဖေ​၏​အ​မိန့်​ကို တစ်​ခါ​မျှ​မ​လွန်​ဆန်​ခဲ့​ပါ။ သို့​သော် အ​ကျွန်ုပ်​သည် အ​ကျွန်ုပ်​၏​မိတ်​ဆွေ​များ​နှင့်​အ​တူ​ပျော်​ရွှင်​ရန် အ​ဖေ​သည် အ​ကျွန်ုပ်​အား​ဆိတ်​တစ်​ကောင်​ကို​မျှ​မ​ပေး​ဖူး​ပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 15