ဓမ္မသစ်ကျမ်း

ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:38-42 Myanmar Standard Bible (MSB)

38. သူ​တို့​သည် ခ​ရီး​ဆက်​သွား​စဉ်​တွင် ကိုယ်​တော်​သည် ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​ရာ မာ​သ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ကိုယ်​တော်​ကို မိ​မိ​အိမ်​၌​လက်​ခံ​ကြို​ဆို​လေ​၏။

39. ထို​အ​မျိုး​သ​မီး​တွင် မာ​ရိ​ဟု​ခေါ်​သော​ညီ​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် သ​ခင်​ဘု​ရား​၏​ခြေ​တော်​ရင်း​၌​ထိုင်​လျက် ကိုယ်​တော်​၏​တ​ရား​စ​ကား​ကို နား​ထောင်​နေ​၏။

40. မာ​သ​မူ​ကား ဧည့်​ခံ​ခြင်း​အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​သ​ဖြင့် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လျက် “သ​ခင်​ဘု​ရား၊ ကျွန်​မ​၏​ညီ​မ​သည် ကျွန်​မ​ကို​သာ​ဧည့်​ဝတ်​ပြု​ရန်​ပစ်​ထား​ခဲ့​သည်​ကို ကိုယ်​တော်​ဂ​ရု​မ​စိုက်​ဘဲ​နေ​တော်​မူ​သ​လော။ ကျွန်​မ​ကို​ကူ​ညီ​ရန် သူ့​အား အ​မိန့်​ရှိ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

41. သ​ခင်​ဘု​ရား​က​လည်း “မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့​အ​တွက်​စိုး​ရိမ်​လျက် နှောင့်​ယှက်​ခြင်း​ကို​ခံ​နေ​ရ​၏။

42. သို့​သော် လို​အပ်​သော​အ​ရာ​သည် တစ်​ခု​တည်း​ရှိ​၏။ မာ​ရိ​သည် ထို​ကောင်း​မြတ်​သည့်​အ​ပိုင်း​ကို ရွေး​ချယ်​ပြီ​ဖြစ်​၍ ၎င်း​ကို သူ့​ထံ​မှ​မ​နုတ်​မ​ပယ်​ရာ”​ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​လု​ကာ​ခ​ရစ်​ဝင် 10