ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:8-27 Myanmar Standard Bible (MSB)

8. ပွဲ​တော်​သို့ သင်​တို့​တက်​သွား​ကြ​လော့။ ငါ့​အ​ချိန်​မ​ပြည့်​စုံ​သေး​သ​ဖြင့် ဤ​ပွဲ​တော်​သို့ ငါ​မ​သွား”​ဟု

9. မိန့်​တော်​မူ​ပြီး​လျှင် ဂါ​လိ​လဲ​နယ်​တွင် နေ​ရစ်​တော်​မူ​၏။

10. သို့​ရာ​တွင် ပွဲ​တော်​သို့ ညီ​တော်​တို့​သွား​ကြ​ပြီး​နောက် ကိုယ်​တော်​သည်​လည်း မ​ထင်​မ​ရှား လျှို့​ဝှက်​စွာ​ကြွ​တော်​မူ​၏။

11. ထို​ပွဲ​တော်​တွင် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​လိုက်​ရှာ​လျက် “ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

12. လူ​ထု​ပ​ရိ​သတ်​တို့​ထဲ​တွင် ကိုယ်​တော်​နှင့်​ပတ်​သက်​၍ အ​မျိုး​မျိုး​တီး​တိုး​ပြော​ဆို​နေ​ကြ​၏။ လူ​အ​ချို့​တို့​က “သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူ​ထု​ပ​ရိ​သတ်​ကို​လှည့်​ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။

13. သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​ကို​ကြောက်​ကြ​သော​ကြောင့် မည်​သူ​မျှ ကိုယ်​တော်​အ​ကြောင်း​ကို ပွင့်​လင်း​စွာ​မ​ပြော​ဆို​ကြ​ချေ။

14. ပွဲ​တော်​ကာ​လ ထက်​ဝက်​မျှ​လွန်​သော​အ​ခါ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်​သွား​၍ သွန်​သင်​တော်​မူ​၏။

15. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​သည်​အံ့​ဩ​လျက် “ဤ​သူ​သည် သင်​ယူ​ခြင်း​မ​ရှိ​ဘဲ ကျမ်း​များ​ကို မည်​သို့​တတ်​သ​နည်း”​ဟု ဆို​ကြ​၏။

16. ယေ​ရှု​က​လည်း “ငါ​၏​သွန်​သင်​ချက်​သည် ငါ​ကိုယ်​တိုင်​၏​သွန်​သင်​ချက်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​သွန်​သင်​ချက်​ဖြစ်​၏။

17. မည်​သူ​မ​ဆို ထို​အ​ရှင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်​သင်​ချက်​သည် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သ​လော သို့​မ​ဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​ဟော​ပြော​နေ​သ​လော​ဆို​သည်​ကို သိ​လိမ့်​မည်။

18. မိ​မိ​ဆန္ဒ​အ​လျောက်​ဟော​ပြော​သော​သူ​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​တတ်​၏။ မိ​မိ​ကို​စေ​လွှတ်​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော​သူ​မူ​ကား ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မ​တ​ရား​မှု​မ​ရှိ။

19. မော​ရှေ​သည် သင်​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့​သော် သင်​တို့​တွင် ထို​ပ​ညတ်​တ​ရား​ကို လိုက်​နာ​ကျင့်​သုံး​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အ​ဘယ်​ကြောင့် ငါ့​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​သ​နည်း”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

20. လူ​ထု​ပ​ရိ​သတ်​က “သင့်​ကို​နတ်​ဆိုး​ပူး​နေ​၏။ သင့်​ကို​သတ်​ရန် မည်​သူ​ရှာ​ကြံ​နေ​သ​နည်း”​ဟု ဆို​ကြ​၏။

21. ယေ​ရှု​က​လည်း “အ​မှု​တစ်​ခု​ကို ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး​သည် အံ့​ဩ​ကြ​၏။

22. မော​ရှေ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ဓ​လေ့​ကို သင်​တို့​အား​ပေး​ခဲ့​သော​ကြောင့် သင်​တို့​သည် ဥ​ပုသ်​နေ့​၌​ပင် လူ​ကို​အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ကြ​၏။ (အ​မှန်​မှာ ဤ​ဓ​လေ့​သည် မော​ရှေ​ထံ​မှ​မ​ဟုတ်​ဘဲ ဘိုး​ဘေး​များ​ထံ​မှ​လာ​၏။)

23. လူ​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​ချိုး​ဖောက်​ရန် ဥ​ပုသ်​နေ့​တွင် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆို​လျှင် ငါ​သည် ဥ​ပုသ်​နေ့​၌ လူ​တစ်​ကိုယ်​လုံး​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​သည့်​အ​တွက် ငါ့​ကို​စိတ်​ဆိုး​ရ​သ​လော။

24. အ​ပြင်​ပန်း​အား​ဖြင့် လူ​ကို​မ​စီ​ရင်​ဘဲ တ​ရား​မျှ​တ​စွာ​စီ​ရင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့​သား​အ​ချို့​တို့​က “ဤ​သူ​သည် သူ​တို့​သတ်​ရန် ရှာ​ကြံ​နေ​သော​သူ​မ​ဟုတ်​လော။

26. ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော​နေ​ပါ​လျက် သူ​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​ပြော​ကြ​ပါ​တ​ကား။ ဤ​သူ​ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ကြီး​အ​ကဲ​တို့​သည် အ​မှန်​ပင်​သိ​ကြ​ပြီ​လော။

27. သို့​ရာ​တွင် ဤ​သူ​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​မူ​ကား အ​ဘယ်​က​လာ​သည်​ကို မည်​သူ​မျှ​မ​သိ​နိုင်​ရာ”​ဟု ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7