ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:44-49 Myanmar Standard Bible (MSB)

44. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို​ကြ​သော်​လည်း မည်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

45. ထို့​နောက် အ​စောင့်​တပ်​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပြန်​လာ​ကြ​ရာ ထို​အ​ကြီး​အ​ကဲ​တို့​က “အ​ဘယ်​ကြောင့် သူ့​ကို​မ​ခေါ်​ဆောင်​လာ​ကြ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

46. အ​စောင့်​တပ်​သား​တို့​က “ထို​သူ​ကဲ့​သို့ မည်​သူ​မျှ​မ​ဟော​ပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။

47. ဖာ​ရိ​ရှဲ​တို့​က​လည်း “သင်​တို့​ပင်​လျှင် လှည့်​ဖြား​ခံ​ရ​ကြ​ပြီ​လော။

48. အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​တွင် သူ့​ကို​ယုံ​ကြည်​ခဲ့​သူ​တစ်​စုံ​တစ်​ဦး​ပင်​ရှိ​သ​လော။

49. သို့​သော် ပ​ညတ်​တ​ရား​ကို​မ​သိ​သော ဤ​လူ​ထု​ပ​ရိ​သတ်​သည် ကျိန်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တ​ကား”​ဟု ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7