ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:41-51 Myanmar Standard Bible (MSB)

41. အ​ချို့​တို့​က​လည်း “ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့​ရာ​တွင် အ​ချို့​တို့​က “ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​နယ်​မှ​ပေါ်​ထွန်း​ပါ​မည်​လော။

42. ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​မှ​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ခဲ့​ရာ​ဗက်​လင်​ရွာ​မှ​လည်း​ကောင်း ပေါ်​ထွန်း​မည်​ဟူ​၍ ကျမ်း​စာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

43. ဤ​သို့​ဖြင့် လူ​ထု​ပ​ရိ​သတ်​ထဲ​တွင် ကိုယ်​တော်​ကြောင့် ကွဲ​ပြား​ခြင်း​ရှိ​ကြ​၏။

44. သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို​ကြ​သော်​လည်း မည်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

45. ထို့​နောက် အ​စောင့်​တပ်​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပြန်​လာ​ကြ​ရာ ထို​အ​ကြီး​အ​ကဲ​တို့​က “အ​ဘယ်​ကြောင့် သူ့​ကို​မ​ခေါ်​ဆောင်​လာ​ကြ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

46. အ​စောင့်​တပ်​သား​တို့​က “ထို​သူ​ကဲ့​သို့ မည်​သူ​မျှ​မ​ဟော​ပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။

47. ဖာ​ရိ​ရှဲ​တို့​က​လည်း “သင်​တို့​ပင်​လျှင် လှည့်​ဖြား​ခံ​ရ​ကြ​ပြီ​လော။

48. အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​တွင် သူ့​ကို​ယုံ​ကြည်​ခဲ့​သူ​တစ်​စုံ​တစ်​ဦး​ပင်​ရှိ​သ​လော။

49. သို့​သော် ပ​ညတ်​တ​ရား​ကို​မ​သိ​သော ဤ​လူ​ထု​ပ​ရိ​သတ်​သည် ကျိန်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တ​ကား”​ဟု ဆို​ကြ​၏။

50. ထို​သူ​တို့​ထဲ​မှ​တစ်​ဦး​ဖြစ်​ပြီး ယ​ခင်​က​ကိုယ်​တော်​ထံ​သို့​လာ​ခဲ့​ဖူး​သော နိ​ကော​ဒင်​က

51. “ငါ​တို့​၏​ပ​ညတ်​တ​ရား​သည် လူ​တစ်​ဦး​ကို သူ့​ထံ​မှ ဦး​စွာ​ကြား​နာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အ​မှု​အ​ရာ​ကို​လည်း​မ​သိ​ဘဲ စီ​ရင်​ပါ​မည်​လော”​ဟု ဆို​လျှင်

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7