ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:30-40 Myanmar Standard Bible (MSB)

30. ထို​အ​ခါ လူ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြိုး​စား​ကြ​သော်​လည်း ကိုယ်​တော်​၏​အ​ချိန်​မ​ရောက်​သေး​သော​ကြောင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

31. သို့​ရာ​တွင် လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​အ​များ​စု​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​လျက် “ခ​ရစ်​တော်​ကြွ​လာ​သော​အ​ခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို​၍​များ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

32. လူ​ထု​ပ​ရိ​သတ်​သည် ယေ​ရှု​နှင့်​ပတ်​သက်​၍ ထို​သို့​တီး​တိုး​ပြော​ဆို​နေ​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​ကြား​လျှင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် အ​စောင့်​တပ်​သား​များ​ကို​စေ​လွှတ်​ကြ​၏။

33. ထို​အ​ခါ ယေ​ရှု​က “ငါ​သည် သင်​တို့​နှင့်​အ​တူ နောက်​ထပ် ခ​ဏ​နေ​ပြီး​လျှင် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ထံ​သို့ သွား​မည်။

34. သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်​လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အ​ရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်​မူ​၏။

35. ဂျူး​လူ​မျိုး​တို့​က​လည်း “ငါ​တို့​ရှာ​၍​မ​တွေ့​စေ​ရန် ဤ​သူ​သည် မည်​သည့်​အ​ရပ်​သို့​သွား​ရန် ကြံ​ရွယ်​နေ​သ​နည်း။ ဂ​ရိ​လူ​မျိုး​တို့​ရှိ​ရာ​အ​ရပ်​ရပ်​တို့​၌ ကွဲ​လွင့်​ပျံ့​နှံ့​နေ​သော​သူ​တို့​ထံ​သို့​သွား​၍ ဂ​ရိ​လူ​မျိုး​တို့​ကို​သွန်​သင်​ရန် ကြံ​ရွယ်​နေ​သ​လော။

36. ‘သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်​လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အ​ရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ’​ဟူ​၍ သူ​ပြော​သော​စ​ကား​၏​အ​ဓိပ္ပာယ်​မှာ မည်​သို့​နည်း”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

37. ထို​ပွဲ​တော်​၏​ကြီး​မြတ်​သော​နေ့​ဖြစ်​သည့် နောက်​ဆုံး​နေ့​၌ ယေ​ရှု​သည်​ရပ်​လျက် “မည်​သူ​မ​ဆို ရေ​ငတ်​လျှင် ငါ့​ထံ​သို့​လာ​၍ သောက်​လော့။

38. ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​က​ဆို​ထား​သည့်​အ​တိုင်း သူ​၏​နှ​လုံး​သား​အ​ထဲ​မှ အ​သက်​ရေ​မြစ်​များ စီး​ထွက်​လိမ့်​မည်”​ဟု ကြွေး​ကြော်​တော်​မူ​၏။

39. ဤ​သည်​ကား ကိုယ်​တော်​ကို​ယုံ​ကြည်​သော​သူ​တို့​ခံ​ယူ​ရ​ရှိ​မည့် ဝိ​ညာဉ်​တော်​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ယေ​ရှု​သည် ဘုန်း​တော်​ထင်​ရှား​ခြင်း​မ​ရှိ​သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​ပေး​တော်​မ​မူ​သေး။

40. လူ​ထု​ပ​ရိ​သတ်​ထဲ​မှ အ​ချို့​တို့​သည် ဤ​တ​ရား​စ​ကား​တို့​ကို​ကြား​သော​အ​ခါ “ဤ​သူ​သည် အ​မှန်​ပင် ထို​ပ​ရော​ဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7