ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:17-32 Myanmar Standard Bible (MSB)

17. မည်​သူ​မ​ဆို ထို​အ​ရှင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​လို​သော​ဆန္ဒ​ရှိ​လျှင် ဤ​သွန်​သင်​ချက်​သည် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သ​လော သို့​မ​ဟုတ် ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​ဟော​ပြော​နေ​သ​လော​ဆို​သည်​ကို သိ​လိမ့်​မည်။

18. မိ​မိ​ဆန္ဒ​အ​လျောက်​ဟော​ပြော​သော​သူ​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​တတ်​၏။ မိ​မိ​ကို​စေ​လွှတ်​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော​သူ​မူ​ကား ဖြောင့်​မှန်​သော​သူ​ဖြစ်​ပြီး ထို​သူ​၌​မ​တ​ရား​မှု​မ​ရှိ။

19. မော​ရှေ​သည် သင်​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့​သော် သင်​တို့​တွင် ထို​ပ​ညတ်​တ​ရား​ကို လိုက်​နာ​ကျင့်​သုံး​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အ​ဘယ်​ကြောင့် ငါ့​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​သ​နည်း”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

20. လူ​ထု​ပ​ရိ​သတ်​က “သင့်​ကို​နတ်​ဆိုး​ပူး​နေ​၏။ သင့်​ကို​သတ်​ရန် မည်​သူ​ရှာ​ကြံ​နေ​သ​နည်း”​ဟု ဆို​ကြ​၏။

21. ယေ​ရှု​က​လည်း “အ​မှု​တစ်​ခု​ကို ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး​သည် အံ့​ဩ​ကြ​၏။

22. မော​ရှေ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ဓ​လေ့​ကို သင်​တို့​အား​ပေး​ခဲ့​သော​ကြောင့် သင်​တို့​သည် ဥ​ပုသ်​နေ့​၌​ပင် လူ​ကို​အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ကြ​၏။ (အ​မှန်​မှာ ဤ​ဓ​လေ့​သည် မော​ရှေ​ထံ​မှ​မ​ဟုတ်​ဘဲ ဘိုး​ဘေး​များ​ထံ​မှ​လာ​၏။)

23. လူ​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​ချိုး​ဖောက်​ရန် ဥ​ပုသ်​နေ့​တွင် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သည်​ဆို​လျှင် ငါ​သည် ဥ​ပုသ်​နေ့​၌ လူ​တစ်​ကိုယ်​လုံး​ကို အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​သည့်​အ​တွက် ငါ့​ကို​စိတ်​ဆိုး​ရ​သ​လော။

24. အ​ပြင်​ပန်း​အား​ဖြင့် လူ​ကို​မ​စီ​ရင်​ဘဲ တ​ရား​မျှ​တ​စွာ​စီ​ရင်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​ခါ ဂျေ​ရု​ဆ​လင်​မြို့​သား​အ​ချို့​တို့​က “ဤ​သူ​သည် သူ​တို့​သတ်​ရန် ရှာ​ကြံ​နေ​သော​သူ​မ​ဟုတ်​လော။

26. ကြည့်​ပါ။ သူ​သည် ထင်​ရှား​စွာ​ဟော​ပြော​နေ​ပါ​လျက် သူ​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ မ​ပြော​ကြ​ပါ​တ​ကား။ ဤ​သူ​ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို အ​ကြီး​အ​ကဲ​တို့​သည် အ​မှန်​ပင်​သိ​ကြ​ပြီ​လော။

27. သို့​ရာ​တွင် ဤ​သူ​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​မူ​ကား အ​ဘယ်​က​လာ​သည်​ကို မည်​သူ​မျှ​မ​သိ​နိုင်​ရာ”​ဟု ဆို​ကြ​၏။

28. ထို့​ကြောင့် ယေ​ရှု​သည် ဗိ​မာန်​တော်​၌ သွန်​သင်​တော်​မူ​စဉ် “သင်​တို့​သည် ငါ့​ကို​သိ​၍ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင် ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက်​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​သည် ဖြောင့်​မှန်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ သင်​တို့​သည် ထို​အ​ရှင်​ကို​မ​သိ​ကြ။

29. ငါ​မူ​ကား သိ​၏။ အ​ကြောင်း​မူ​ကား ငါ​သည် ထို​အ​ရှင်​ထံ​မှ​လာ​၍ ထို​အ​ရှင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏”​ဟု ကြွေး​ကြော်​တော်​မူ​၏။

30. ထို​အ​ခါ လူ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြိုး​စား​ကြ​သော်​လည်း ကိုယ်​တော်​၏​အ​ချိန်​မ​ရောက်​သေး​သော​ကြောင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

31. သို့​ရာ​တွင် လူ​ထု​ပ​ရိ​သတ်​ထဲ​မှ​အ​များ​စု​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​လျက် “ခ​ရစ်​တော်​ကြွ​လာ​သော​အ​ခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို​၍​များ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

32. လူ​ထု​ပ​ရိ​သတ်​သည် ယေ​ရှု​နှင့်​ပတ်​သက်​၍ ထို​သို့​တီး​တိုး​ပြော​ဆို​နေ​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​ကြား​လျှင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် အ​စောင့်​တပ်​သား​များ​ကို​စေ​လွှတ်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7