ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:1-12 Myanmar Standard Bible (MSB)

1. ထို့​နောက် ယေ​ရှု​သည် ဂါ​လိ​လဲ​နယ်​တွင် လှည့်​လည်​တော်​မူ​၏။ အ​ကြောင်း​မှာ ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​သော​ကြောင့် ယု​ဒ​နယ်​၌​လှည့်​လည်​ရန် အ​လို​တော်​မ​ရှိ။

2. သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​၏​ပွဲ​တော်​တည်း​ဟူ​သော ယာ​ယီ​တဲ​စု​ပွဲ​တော်​နီး​ကပ်​လာ​သော​အ​ခါ

3. ညီ​တော်​တို့​က ကိုယ်​တော်​အား “သင်​ပြု​နေ​သော​အ​မှု​အ​ရာ​များ​ကို သင်​၏​တ​ပည့်​တို့​သည်​လည်း မြင်​ရ​ရန် ဤ​အ​ရပ်​မှ ထွက်​ခွာ​၍ ယု​ဒ​နယ်​သို့ သွား​ပါ​လော့။

4. မိ​မိ​ကိုယ်​ကို​ထင်​ပေါ်​ကျော်​စော​စေ​လို​၍ တစ်​စုံ​တစ်​ခု​ကို လျှို့​ဝှက်​စွာ​ပြု​သော​သူ​မ​ရှိ။ သင်​သည် ဤ​အ​မှု​အ​ရာ​များ​ကို​ပြု​သည်​ဆို​လျှင် ဤ​လော​က​၌ သင့်​ကိုယ်​သင်​ထင်​ရှား​စေ​ပါ”​ဟု ဆို​ကြ​၏။

5. ထို​သို့​ဆို​ကြ​ခြင်း​မှာ ညီ​တော်​တို့​ပင် ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ​သော​ကြောင့်​ဖြစ်​၏။

6. ထို့​ကြောင့် ယေ​ရှု​က ညီ​တော်​တို့​အား “ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား အ​မြဲ​အ​ဆင်​သင့်​ဖြစ်​၏။

7. လော​ကီ​သား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား မုန်း​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည် သူ​တို့​ပြု​သော​အ​မှု​များ​မ​ကောင်း​ကြောင်း​ကို ထောက်​ပြ​သော​ကြောင့်​ဖြစ်​၏။

8. ပွဲ​တော်​သို့ သင်​တို့​တက်​သွား​ကြ​လော့။ ငါ့​အ​ချိန်​မ​ပြည့်​စုံ​သေး​သ​ဖြင့် ဤ​ပွဲ​တော်​သို့ ငါ​မ​သွား”​ဟု

9. မိန့်​တော်​မူ​ပြီး​လျှင် ဂါ​လိ​လဲ​နယ်​တွင် နေ​ရစ်​တော်​မူ​၏။

10. သို့​ရာ​တွင် ပွဲ​တော်​သို့ ညီ​တော်​တို့​သွား​ကြ​ပြီး​နောက် ကိုယ်​တော်​သည်​လည်း မ​ထင်​မ​ရှား လျှို့​ဝှက်​စွာ​ကြွ​တော်​မူ​၏။

11. ထို​ပွဲ​တော်​တွင် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​လိုက်​ရှာ​လျက် “ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

12. လူ​ထု​ပ​ရိ​သတ်​တို့​ထဲ​တွင် ကိုယ်​တော်​နှင့်​ပတ်​သက်​၍ အ​မျိုး​မျိုး​တီး​တိုး​ပြော​ဆို​နေ​ကြ​၏။ လူ​အ​ချို့​တို့​က “သူ​သည် သူ​တော်​ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူ​ထု​ပ​ရိ​သတ်​ကို​လှည့်​ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7