ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21:1-5 Myanmar Standard Bible (MSB)

1. ထို့​နောက် ယေ​ရှု​သည် တိ​ဗေ​ရိ​ပင်​လယ်​နား​တွင် တ​ပည့်​တော်​တို့​အား နောက်​တစ်​ဖန် ကိုယ်​ထင်​ရှား​ပြ​တော်​မူ​၏။ ထင်​ရှား​ပြ​တော်​မူ​ပုံ​ကား ဤ​သို့​ဖြစ်​၏။

2. ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​ခေါ်​သည့်​သော​မ၊ ဂါ​လိ​လဲ​နယ် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​တို့​နှင့် အ​ခြား​တ​ပည့်​တော်​နှစ်​ပါး​တို့​သည် အ​တူ​ရှိ​နေ​ကြ​စဉ်

3. ရှိ​မုန်​ပေ​တ​ရု​က “အ​ကျွန်ုပ်​ငါး​သွား​ဖမ်း​မည်”​ဟု ဆို​၏။ ထို​သူ​တို့​က “အ​ကျွန်ုပ်​တို့​လည်း သင်​နှင့်​အ​တူ​လိုက်​မည်”​ဟု ဆို​လျက် ထွက်​သွား​၍ လှေ​ပေါ်​သို့​တက်​ကြ​၏။ သို့​သော် ထို​ည​တွင် မည်​သည့်​အ​ရာ​ကို​မျှ​မ​ရ​ကြ​ချေ။

4. မိုး​လင်း​ချိန်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​နေ​တော်​မူ​၏။ သို့​ရာ​တွင် တ​ပည့်​တော်​တို့​သည် ယေ​ရှု​ဖြစ်​ကြောင်း​ကို​မ​သိ​ကြ။

5. ထို​အ​ခါ ယေ​ရှု​က “ချစ်​သား​တို့၊ သား​ငါး​တစ်​စုံ​တစ်​ရာ​ရှိ​သ​လော”​ဟု သူ​တို့​အား​မေး​တော်​မူ​လျှင် သူ​တို့​က “မ​ရှိ​ပါ”​ဟု ပြန်​ပြော​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 21