ဓမ္မသစ်ကျမ်း

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2:7-10 Myanmar Standard Bible (MSB)

7. ယေ​ရှု​က “ဤ​ရေ​အိုး​များ​ကို ရေ​ဖြည့်​ကြ​လော့”​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​လျှင် သူ​တို့​သည် အိုး​နှုတ်​ခမ်း​အ​ထိ​ဖြည့်​ကြ​၏။

8. တစ်​ဖန် “ယ​ခု​ခပ်​၍ ပွဲ​အုပ်​ထံ​သို့​ယူ​သွား​ကြ​လော့”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ယူ​သွား​ကြ​ရာ

9. ပွဲ​အုပ်​သည် စ​ပျစ်​ဝိုင်​ဖြစ်​သွား​သော ထို​ရေ​ကို​မြည်း​စမ်း​၏။ ရေ​ခပ်​ခဲ့​သော​အ​စေ​ခံ​တို့​သည် ထို​စ​ပျစ်​ဝိုင်​ကို အ​ဘယ်​က​ရ​သည်​ကို​သိ​ကြ​သော်​လည်း ပွဲ​အုပ်​သည် မ​သိ​သ​ဖြင့် သ​တို့​သား​ကို​ခေါ်​၍

10. “လူ​တိုင်း ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ဦး​စွာ​ချ​ပေး​ပြီး လူ​တို့​ယစ်​မူး​ကြ​သော​အ​ခါ​မှ အ​ညံ့​ကို​ချ​ပေး​လေ့​ရှိ​၏။ သင်​မူ​ကား ကောင်း​သော​စ​ပျစ်​ဝိုင်​ကို ယ​ခု​အ​ထိ သိမ်း​ထား​ပြီ​တ​ကား”​ဟု ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 2